ဒီအပတ်မှာတော့ ချန်ပီယံလိဂ်ပြိုင်ပွဲ ရှုံးထွက်အဆင့် ပွဲစဉ်တွေ ပြန်လည် စတင်လာပြီ ဖြစ်ပါတယ်။ ပွဲကောင်းတွေအတွက် လီဗာပူးအသင်းနဲ့ ချန်ပီယံလိဂ်ဖလား ၃ ကြိမ် ကိုင်မြောက်ခဲ့တဲ့ ဂန္တဝင်ကြီး ဖီးတွမ်ဆန်က အခုလို ခန့်မှန်းပေးလာပါတယ်။
RB Leipzig v Real Madrid
လာလီဂါဖလား ယှဉ်ပြိုင်ဘက် ဂျီရိုနာကို ၄-၀ နဲ့အနိုင်ယူထားပြီး ရလဒ်ကောင်းနေတဲ့ ရီးရဲလ်မက်ဒရစ်ကို ရင်ဆိုင်ရမှာက လိုက်ဇစ်အတွက် ခက်ခဲပါတယ်။ ဂျီရိုနာက လာလီဂါ အမှတ်ပေးဇယား ဒုတိယနေရာမှာ ရှိနေတာဖြစ်သလို ဘာစီလိုနာက တတိယနေရာမှာ ရှိနေပါတယ်။
အဆိုပါ နိုင်ပွဲတုန်းက ဘယ်လင်ဟမ် ၂ ဂိုး သွင်းခဲ့ပြီး ဒုတိယပိုင်းမှာ ခြေထောက် ဒဏ်ရာရသွားခဲ့တယ်။
လိုက်ဇစ်ကတော့ အဝေးကွင်းမှာ အော့ဘတ်ကို ၂-၂ သရေကျထားပါတယ်။ သူတို့က ဘွန်ဒက်လီဂါ အမှတ်ပေးဇယားရဲ့ အဆင့် ၅ နေရာမှာ ရှိနေတာပါ။ ဆောင်ရာသီ အားလပ်ရက်နောက်ပိုင်း သူတို့ ၅ ပွဲကစားထားတာ ၁ ပွဲပဲနိုင်ပြီး ၃ ပွဲထိ ရှုံးထားပါတယ်။
ဒီပွဲကတော့ အဝေးကွင်းအသင်းက ၁-၃ ရလဒ်နဲ့ နိုင်သွားမှာပါ။ ကျနော်ကတော့ ရီးရဲလ်ဘက်ကပါပဲ။ ဗင်နီးဆီးယက်စ်နဲ့ ရိုဒရီဂိုတို့ ဒီပွဲမှာ ဂိုးသွင်းမယ်လို့ ခန့်မှန်းပါတယ်။
ဖီးတွမ်ဆန် ခန့်မှန်းရလဒ်။ ။ လိုက်ဇစ် ၁-၃ ရီးရဲလ်မက်ဒရစ်
Copenhagen v Man City
မန်စီးတီးက ခြေစွမ်း သိပ်ကောင်းနေတာပါ။ သူတို့ ကစားပုံ ကောင်းသလို ဂိုးတွေလည်း အများကြီး ရနေပါတယ်။
ကိုပင်ဟေဂင်က လက်တလော Atlantic ဖလားပွဲ ယှဉ်ပြိုင်ထားတယ်။ ဒီရာသီ သူတို့အသင်း ခြေစွမ်းက အတက် အကျ များပါတယ်။ ဒီတော့ မန်စီးတီးတို့ သက်သက်သာသာနဲ့ပဲ ဒီပွဲကို အနိုင်ရသွားမယ်လို့ ကျနော် ခန့်မှန်းပါတယ်။
ဒီပွဲက ၅ ဂိုးလောက်ထိ ပြတ်နိုင်ပါတယ်။ ဟာလန်း ဂိုးရမယ် ထင်ပါတယ်။ သူက ဒဏ်ရာကနေ ပြန်သက်သာလာပြီးနောက် ပွဲကစားချိန်တွေ ရနေပါတယ်။ သူ ၂ ဂိုးလောက် အနည်းဆုံး ရမှာပါ။ ဒိုကူလည်း ဒီပွဲမှာ ဂိုးသွင်းနိုင်မယ်လို့ ထင်ပါတယ်။
ဖီးတွမ်ဆန် ခန့်မှန်းရလဒ်။ ။ ကိုပင်ဟေဂင် ၀-၅ မန်စီးတီး