သရဲနီဟောင်းကြီး ရီယို ဖာဒီနန်က သူ ယူနိုက်တက် ကြယ်ပွင့် ဒါလော့ အတွက် စိုးရိမ် စိတ်ပူခဲ့စဉ်က စီရော်နယ်ဒို ဟာ ဒါလော့ အစွမ်းပြမှာ သေချာလို့ မစိုးရိမ်ဖို့ ပြောဆိုခဲ့တဲ့ အကြောင်း ဖော်ထုတ်လာပါတယ်။

ဒါလော့ဟာ ဒီတလော ပွဲတွေမှာ ယူနိုက်တက် အတွက် အထင်ကြီးလောက်ဖွယ် စွမ်းဆောင်ပြနေပြီး ဖာဒီနန် ကိုယ်တိုင်လည်း အသက် ၂၄ နှစ် အရွယ် အစွန်နောက်ခံလူရဲ့ စွမ်းဆောင်ရည် အပေါ် ချီးကျူးလာရပါတယ်။

ပေါ်တူဂီသား နောက်ခံလူကို အစောပိုင်းက သူ မယုံကြည်ခဲ့ကြောင်း ဖာဒီနန်က ပြန်ပြောင်းပြောဆိုလာခဲ့တာပါ။

” ဒါလော့က သေချာပေါက် ထည့် ပြောရမယ့် ကိစ္စပါ။ သူက ကျွန်တော် အစောပိုင်း ကာလတွေမှာ သံသယ ရှိခဲ့ဖူးပါတယ်။ ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ ဒီကိစ္စ ပြောခဲ့ဖူးတာကိုလည်း မှတ်မိသေးတယ်။

ကျွန်တော်က သူ့ကို ‘ ဒီကောင်လေးက တကယ်ကြီး ကောင်းတာလား ‘ လို့ မေးခဲ့ဖူးတယ်။ ခရစ္စတီယာနို က ဒါလော့က ကြိုးစား အလုပ်လုပ်ပြီး ပိုကောင်းလာမယ်၊ ၁ဝဝ% တိုးတက်လာမယ့် သူ လို့ ဖြေခဲ့ဖူးတယ်။

သူက နောက်ကွယ်မှာ ကြည့်နေတဲ့သူ ဖြစ်လို့ ဒါကို သေချာသိခဲ့ပုံပါ။ ဒါလော့က ခံစစ်ပိုင်းတော့ နည်းနည်း ပိုကောင်းအောင် လုပ်ရဦးမယ့် ပုံပါ။ ဒါပေမယ့် မနေ့က (အက်စတွန်ဗီလာနဲ့ပွဲ) တနု်းက သူက ခံစစ်ပိုင်း အတော်ကြီး ကောင်းခဲ့တယ်။

ဘောလုံးနဲ့ အတူရော၊ ဖြတ်တင်တာတွေရော။ တိုက်စစ်မှာ ကစားသမားတွေက ဒီလို ပြေးလွှားနေမယ် ဆိုရင် သွင်းဂိုးတွေက ပို ရလာမှာပါ။” လို့ ဖာဒီနန်က တနင်္လာနေ့က သူ့ရဲ့ ယူကျူ့အစီအစဉ်ကနေ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒါလော့ဟာ ၂၀၁၈ ယူနိုက်တက်ကို စရောက်လာတည်းက အခုထိ ပွဲပေါင်း ၁၃၉ ပွဲ ကစားပြီး ဖြစ်ပါတယ်။