ပရီးမီးယားလိဂ် ပွဲစဉ် ၂၄ အပြီးမှာ စူပါကွန်ပျူတာရဲ့ ခန့်မှန်းချက်တွေက အနည်းငယ်သာ ပြောင်းလဲသွားခဲ့ပါတယ်။
လီဗာပူးက အမှတ်ပေး ဇယား ဦးဆောင်သူ အဖြစ် ဆက်ရှိနေပေမယ့် ချန်ပီယံ ဖြစ်နိုင်ခြေကတော့ ပိုမို ကျဆင်းသွားခဲ့ပါတယ်။ မန်စီးတီးရဲ့ ချန်ပီယံ ဖြစ်နိုင်ခြေကတော့ ရာနှုန်းအနည်းငယ် တက်လာပါတယ်။
ဒီအပတ် ဝက်စ်ဟမ်းကို ဂိုးဒါဇင်ဝက် သွင်းပြီး နိုင်ပွဲယူခဲ့တဲ့ အာဆင်နယ် အသင်းဟာ ချန်ပီယံ ဖြစ်နိုင်ခြေ နည်းပါးနေသေးပေမယ့် ရာခိုင်နှုန်း အနည်းငယ် တက်လာခဲ့ပါတယ်။
အချက်အလက်တွေ ကို အခြေခံ တွက်ချက်တဲ့ Opta စူပါကွန်ပျူတာရဲ့ ပွဲစဉ် ၂၄ အပြီး ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်နိုင်ခြေ ရာခိုင်နှုန်းမှာ မန်စီးတီးက အခြေအနေ အကောင်းဆုံး အဖြစ် ဆက်လက် ရပ်တည် သွားပါတယ်။
ပရီးမီးယားလိဂ် ဖြစ်နိုင်ခြေ ရာနှုန်းမှာ မန်ချက်စတာ စီးတီး အသင်းက ၆၇.၇ % နဲ့ အလားအလာ အကောင်းဆုံး ဖြစ်သွားခဲ့ပြီး လီဗာပူးကတော့ ၂၆.၁ ကနေ ၂၄ % ကို ကျသွားခဲ့ပါတယ်။
အာဆင်နယ် အသင်းရဲ့ ချန်ပီယံ ဖြစ်နိုင်ခြေကတော့ ၇.၄ ကနေ ၈.၂ % ဖြစ်လာခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ရဲ့ ချန်ပီယံလိဂ် ဝင်ခွင့်၊ အဆင့် ၄ ရနိုင်ခြေကတော့ ဗီလာကို နိုင်ခဲ့သည့်တိုင် ၆.၁% သာ ရှိနေပါသေးတယ်။