ဒီအပတ်မှာတော့ ချန်ပီယံလိဂ်ပြိုင်ပွဲ ရှုံးထွက်အဆင့် ပွဲစဉ်တွေ ပြန်လည် စတင်လာပြီ ဖြစ်ပါတယ်။ ပွဲကောင်းတွေအတွက် လီဗာပူးအသင်းနဲ့ ချန်ပီယံလိဂ်ဖလား ၃ ကြိမ် ကိုင်မြောက်ခဲ့တဲ့ ဂန္တဝင်ကြီး ဖီးသွန်ပ်ဆန်က အခုလို ခန့်မှန်းပေးလာပါတယ်။
Lazio v Bayern Munich
အီတလီအသင်းတွေနဲ့ အိမ်ကွင်း သွားရောက် ယှဉ်ပြိုင်ရတာ အမြဲတမ်း ခက်ခဲပါတယ်။ ပြီးခဲ့တဲ့ အပတ်တုန်းက လာဇီယိုတို့ နိုင်ပွဲကောင်း ရထားပါတယ်။ ဒါပေမယ့် စီးရီးအေမှာတော့ ဒီရာသီ အိမ်ကွင်းပွဲ ၈ ပွဲလောက် ရှိပါမယ်။ ခြုံပြောရရင် ဒီပွဲအတွက် သူတို့က ပုံစံကောင်းမှာ ရှိမနေပါဘူး။
ဘိုင်ယန်မြူးနစ်က ပြီးခဲ့တဲ့ အပတ်တုန်းက လေဗာကူဆင်ကို ပြတ်ပြတ်သားသား ရှုံးနိမ့်ခဲ့တယ်။ အခုဆိုရင် ဘွန်ဒက်လီဂါမှာ ဘိုင်ယန်က လေဗာကူဆင်နောက် ၅ မှတ်အကွာကို ရောက်နေပါပြီ။ နောက်ဆုံး ၅ ပွဲမှာလည်း ၂ ပွဲထိ ရှုံးနိမ့်ထားပါပြီ။ ဒီပွဲတော့ ဘိုင်ယန်ပဲ ၁-၂ လောက်နဲ့ နိုင်မှာပါ။
နှစ်သင်းလုံး ဂိုးသွင်းမယ်လို့တော့ ခန့်မှန်းထားတယ်။ ဟယ်ရီကိန်းကော အီမိုဘီလေပါ ဂိုးသွင်းနိုင်မယ်လို့ ထင်ပါတယ်။
ဖီးသွန်ပ်ဆန် ခန့်မှန်းရလဒ်။ ။ လာဇီယို ၁-၂ ဘိုင်ယန်မြူးနစ်
PSG v Real Sociedad
ပီအက်စ်ဂျီတို့ ခပ်လွယ်လွယ် အနိုင်ရတဲ့ပွဲ ဖြစ်သင့်ပါတယ်။ ဥရောပပြိုင်ပွဲတွေ ပြန်လာတာကို သူတို့ ကျေနပ်နေမှာပါ။ နောက်ဆုံး ကစားထားတဲ့ ၂ ပွဲမှာ ၆ ဂိုးသွင်းထားတဲ့ သူတို့ဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၉ ပွဲမှာလည်း ၂ ဂိုးနဲ့ အထက်တွေချည်း သွင်းထားပါတယ်။
ဆိုစီဒက်ကတော့ စနေနေ့က အိုဆာဆူနာကို ၀-၁ နဲ့ ရှုံးထားပြီး လာလီဂါမှာ အဆင့် ၇ ကို ရောက်နေပါတယ်။ ဒီပွဲကို ပီအက်စ်ဂျီက ၃-၀ လောက်နဲ့ နိုင်မှာပါ။
ဖီးသွန်ပ်ဆန် ခန့်မှန်းရလဒ်။ ။ ပီအက်စ်ဂျီ ၃-၀ ဆိုစီဒက်