ချယ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေး စည်းမျဉ်း ကန့်သတ်မှုတွေမှာ ညိစွန်းမှုတွေရှိနေပြီး ဒီနွေမှာ အသုံးစရိတ်ကြီး ထုတ်နိုင်မှာ မဟုတ်ဘူးဆိုတဲ့ ကောလဟာလ သတင်းတွေအား ဂုဏ်သိက္ခာရှိ သတင်းထောက် Ben Jacobs က ငြင်းဆန်ပါတယ်။

ချယ်ဆီးအသင်းဟာ ဘဏ္ဍာရေး ကန့်သတ်ချက်တွေကို ရင်ဆိုင်ရဖို့ မရှိသလို နွေမှာ ကစားသမား ရောင်းထုတ်မှု မပါဘဲ အသုံးစရိတ် ပေါင် သန်း ၂၀၀ ထိ ထုတ်နိုင်နေဆဲ ဖြစ်ပါတယ်။

Jacobs ကတော့ ချယ်ဆီးအသင်းဘက်က မတ်ဆန်၊ ဘရိုဂျာ၊ လူးဝစ် ဟေးနဲ့ ချာလိုဘတ်တို့လို ကစားသမားတွေကို နွေမှာ ရောင်းချခဲ့ရင် အသုံးစရိတ်ကို ပေါင် သန်း ၃၀၀ ထိ မြှင့်တင်နိုင်လိမ့်မယ်လို့ ဆိုပါသေးတယ်။

နောက်ထပ် ချယ်ဆီးသတင်းထောက်ဖြစ်သူ Simon Philips က လည်း ” ချယ်ဆီးအသင်းက ကစားသမား မရောင်းသေးခင်ကိုပဲ ဒီနွေမှာ ပေါင် သန်း ၂၀၀ လောက်ကို ထုတ်သုံးနိုင်ပါတယ်။

အကယ်လို့ သူတို့ ကစားသမား ရောင်းချမှုတွေ လုပ်ခဲ့မယ်ဆိုရင် အသုံးစရိတ်ကို ပေါင် သန်း ၃၀၀-၃၅၀ လောက်ထိကို ထုတ်လာနိုင်ပါလိမ့်မယ် ” လို့ ဆိုလာခဲ့တယ်။

ချယ်ဆီးအသင်းဟာ ဒီရာသီမှာ ရလဒ်ပိုင်း မတည်ငြိမ်မှုတွေနဲ့အတူ အဆင့် ၄ နေရာက အသင်းနဲ့ ရမှတ် ၁၃ မှတ်ထိ ပြတ်ကျန်နေတာ ဖြစ်ပါတယ်။