ချန်ပီယံလိဂ်ရဲ့ ဒီရာသီ တန်ကြေးအမြင့်ဆုံး လူစာရင်း ပိုင်ဆိုင်တဲ့ အသင်းများ စာရင်းမှာ အင်္ဂလိပ်ကလပ်တွေ ဖြစ်တဲ့ မန်စီးတီးနဲ့ အာဆင်နယ် အသင်းတို့က ထိပ်ဆုံးကနေ ပါဝင်နေပါတယ်။

ကစားသမားတွေရဲ့ တန်ကြေး တွက်ချက်မှုဟာ Transfermarkt က အချက်အလက်တွေကို အခြေခံ တွက်ချက်တာ ဖြစ်ပါတယ်။

အသင်းတစ်သင်း ပိုင်ဆိုင်ထားတဲ့ ကစားသမားတွေရဲ့ ဈေးကွက်ပေါက်ဈေးနဲ့ အလားအလာ ကို တွက်ချက်ထားတာ ဖြစ်တဲ့ ဒီ တန်ကြေး ရှိ လူစာရင်း မှာ မန်ချက်စတာ စီးတီးကတော့ ထိပ်ဆုံးက ဦးဆောင်နေပါတယ်။

၁၆ သင်း အဆင့်မှာ ပေါ်တိုနဲ့ တွေ့နေတဲ့ အာဆင်နယ် အသင်းက ဒုတိယနေရာမှာ ရှိနေပြီး ၎င်းတို့က ချန်ပီယံလိဂ် ရဖို့ ဗိုလ်စွဲတဲ့ အသင်းတွေထဲမှာလည်း ပါဝင်ပါတယ်။

ဥရောပ အဆင့်အမြင့်ဆုံး ပြိုင်ပွဲမှာ ပါဝင်နေကြတဲ့ အသင်းတွေရဲ့ လူစာရင်း တန်ကြေး အလိုက် ရပ်တည်မှုတွေက အောက်ပါအတိုင်းင ရှိနေပါတယ်။

1. Manchester City – £1.08bn

2. Arsenal – £955.64m

3. Real Madrid – £887.38m

4. Paris Saint-Germain – £878.85m

5. Bayern Munich – £831.07m

6. Barcelona – £736.78m

7. Inter Milan – £502.44m

8. Napoli – £456.62m

9. Real Sociedad – £416.04m

10. RB Leipzig – £412.63m

11. Borussia Dortmund – £396.68m

12. Atletico Madrid – £387.72m

13. PSV Eindhoven – £240.94m

14. Porto – £219.37m

15. Lazio – £206.17m

16. Copenhagen – £73.72m