ဗြိတိန်သတင်းဌာန The Independent ကတော့ ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ လီဗာပူးနဲ့ အာဆင်နယ်တို့ဟာ ပြင်သစ်သား တိုက်စစ်မှူး အမ်ဘာပေကို ခေါ်ယူခွင့်ရပေမယ့် ငြင်းဆန်ခဲ့တယ်လို့ ဖော်ပြပါတယ်။

အင်္ဂလန်ထိပ်သီး ၂ သင်းထံ အမ်ဘာပေရဲ့ ကိုယ်စားလှယ်တွေက ချဉ်းကပ်ခဲ့ရာမှာ ကစားသမားရဲ့ လုပ်ခဟာ အတော်လေး များပြားတာမို့ လီဗာပူးကော အာဆင်နယ်ပါ ခေါ်ယူဖို့ မတတ်နိုင်ခဲ့ဘူးလို့လည်း သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး ရိုမန်နိုက အခုလို ပြောလာပါတယ်။

“ မနှစ်တုန်းက အမ်ဘာပေရဲ့ ကိုယ်စားလှယ်တွေဟာ သူ့တို့ ကစားသမားကို ခေါ်ယူနိုင်ကြောင်း လီဗာပူးကို ကမ်းလှမ်းပေမယ့် လုပ်ခပိုင်း မချိုးဖောက်လိုတာကြောင့် ငြင်းဆန်ခံခဲ့ရတယ်လို့ အင်္ဂလန် မီဒီယာတွေက ဆိုတယ်။

သီယာရီ အွန်နရီကလည်း အလားတူ ပုံစံမျိုးနဲ့ အာဆင်နယ်ကလည်း အမ်ဘာပေကို ခေါ်ယူဖို့ကို ပယ်ချခဲ့တယ်လို့ ပြောပါတယ်။ ကျနော်ကတော့ အဲ့သတင်းတွေကို တကယ်ပဲ မကြားမိပါဘူး။ အမ်ဘာပေနဲ့ ပတ်သက်လို့ သတင်းထူးလည်း မရှိပါဘူး။

အမ်ဘာပေရဲ့ ဇာတ်လမ်းက သူ့ရဲ့ ဆုံးဖြတ်မှုအပေါ်မှာပဲ မူတည်ပါတယ်။ သူ ဘယ်လို ဆုံးဖြတ်မယ်ဆိုတာကို ပထမဆုံး PSG နဲ့ ကလပ် ဥက္ကဋ္ဌထံ အသိပေးမှာပါ ” လို့ ပြောဆိုသွားတာ ဖြစ်ပါတယ်။

အမ်ဘာပေဟာ ဒီရာသီကုန်ရင် ပီအက်စ်ဂျီနဲ့ စာချုပ်ကုန်ပြီဖြစ်ကာ အလွတ်ဖြင့် ထွက်ခွာသွားမှာပဲ ဖြစ်ပါတယ်။