မန်စီးတီးနဲ့ ချယ်ဆီးတို့ ထိပ်တိုက်တွေ့တဲ့ ဒီအပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေအတွက် ဘီဘီစီမှ ဘောလုံးပွဲ ခန့်မှန်းသူ ခရစ်ဆက်တန်က အခုလို သုံးသပ် ခန့်မှန်းသွားပါတယ်။
Brentford vs Liverpool
ဦးနှောက်ကို ကျော်ပြီး ဒီပွဲတော့ နှလုံးသားနဲ့ ရွေးချယ်ပါမယ်။ အမှတ်ပေးဖလား ပြိုင်ဆိုင်မှု အကျိတ်အနယ် ရှိတာကို မြင်ချင်ပါတယ်။ ဒီပွဲကို လီဗာပူး အနိုင်ရဖို့ လိုပါတယ်။
ဆက်တန် ခန့်မှန်းရလဒ်။ ။ ဘရန့်ဖိုဒ့် ၁-၂ လီဗာပူး
Burnley vs Arsenal
ဒီပွဲကို ကျနော် စောင့်ကြည့်မှာပါ။ အများထင်နေသလို အာဆင်နယ်အတွက် လွယ်ကူသေချာနေမယ့် ပွဲမျိုးတော့ ဖြစ်လာမှာ မဟုတ်ပါဘူး။ အာဆင်နယ်တို့ အနိုင်ရမှာပါ။ တဖတ်သတ်ဆန်တဲ့ ပွဲမျိုးတော့ ဖြစ်မလာနိုင်ပါဘူး။
ဆက်တန် ခန့်မှန်းရလဒ်။ ။ ဘန်လေ ၁-၂ အာဆင်နယ်
Manchester City vs Chelsea
နိုဝင်ဘာလတုန်းက သရေပွဲအတွက် ချယ်ဆီးတို့ အတော်လေး ကြိုးစားနိုင်ခဲ့တယ်။ ဒါပေမယ့် ချန်ပီယံ ကာကွယ်သူတွေဟာ အဲ့နောက်ပိုင်း ရလဒ်တွေ ဆက်တိုက် ကောင်းနေပြီး ပိုချက်တီနိုရဲ့ အသင်းကတော့ ရလဒ် မတည်ငြိမ်ပါဘူး။
ဆက်တန် ခန့်မှန်းရလဒ်။ ။ မန်စီးတီး ၂-၀ ချယ်ဆီး
Luton Town vs Manchester United
နိုဝင်ဘာတုန်းက အိုးထရတ်ဖိုဒ့်မှာ ယူနိုက်တက်က လူတန်ကို ကျဉ်းမြောင်းတဲ့ ရလဒ်နဲ့ အနိုင်ယူခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ပိုပြီး အကျိတ်အနယ် ရှိလာပါလိမ့်မယ်။
ဆက်တန် ခန့်မှန်းရလဒ်။ ။ လူတန် ၂-၂ မန်ယူနိုက်တက်
အခြားပွဲစဉ်တွေ အတွက် ခရစ်ဆက်တန်ရဲ့ ခန့်မှန်းရလဒ်များ
Newcastle United 2-1 Bournemouth
Fulham 1-1 Aston Villa
Nottingham Forest 2-1 West Ham United
Tottenham 3-1 Wolves
Sheffield United 0-2 Brighton
Everton 2-0 Crystal Palace