မန်စီးတီးအသင်းဟာ ဂျူဗင်တပ်မှ ပေါ်တူဂီသား ခံစစ်မှူး ဂျိုအာ ကန်ဆယ်လိုကို ခေါ်ယူဖို့ သဘောတူညီမှု ရလာခဲ့ပြီ ဖြစ်ကာ နောက်တစ်ပတ်ထဲမှာ အပြောင်းအရွှေ့ ကိစ္စ အပြီးသတ် ဆောင်ရွက်နိုင်တော့မယ်လို့ သိရပါတယ်။

ဒေါ့မွန်အသင်း အမှုဆောင်ချုပ် Hans-Joachim Watzke က ပြိုင်ဘက်ဖြစ်ပေမယ့် ဘိုင်ယန်မြူးနစ်အသင်းသာ ဆာနေးကို ခေါ်ယူနိုင်ရင် ဘွန်ဒစ်လီဂါ ပိုမို အင်အားကောင်းလာမှာ ဖြစ်လို့ ကြိုဆိုနေမယ်လို့ ပြောကြားခဲ့ပါတယ်။

လက်စတာခံစစ်မှူး မက်ဂွဲရားကို ခေါ်ယူဖို့ ကြိုးစားနေမှုမှာ မန်ယူက ပေါင် သန်း ၈၀ ပေးဖို့ ဆုံးဖြတ်လာလို့ မန်စီးတီးက လက်ရှောင်မယ်လို့ သိရပါတယ်။

အေးဂျင့်ရွိုင်အိုလာဟာ ဘယ်နိုင်ငံမှာမဆို ကစားသမား ချိတ်ဆက်မှုတွေ ပြန်လုပ်နိုင်ပြီဖြစ်ပြီး သူကိုင်ထားတဲ့ ဒီလစ်ကစလို ထိပ်တန်းကစားသမားတွေကို ကလပ်အသင်းတွေ ကမ်းလှမ်းဖို့ စကားပြောနိုင်ပါပြီ။

လာမယ့်ရာသီအတွက် ထပ်မံ ပေါက်ကြားလာတဲ့ မန်စီးတီး အိမ်ကွင်းဂျာစီကိုလည်း ဖော်ပြလိုက်ပါတယ်။

အင်္ဂလန် ယူ-၂၁ အသင်းမှာ ရွေးချယ်ခံထားရတဲ့ မန်စီးတီးကွင်းလယ်လူဖိုဒန်ဟာ ဒီနွေမှာ ယှဉ်ပြိုင်ရမယ့် ယူရိုပွဲအတွက် အီတလီကို ထွက်ခွာသွားပါပြီ။

ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ မန်စီးတီးနဲ့ အဖွင့်ပွဲ ယှဉ်ပြိုင်ရမယ့် ဝက်ဟမ်းဟာ ဗီလာရီးရဲမှ ကွင်းလယ်လူ ဖော်နယ်စ်ကို အပြီးသတ် ခေါ်ယူနိုင်ခဲ့ပါပြီ။

မန်စီးတီး အစွန်လူ ဝေါ်ကာဟာ ကလပ်အသင်းနဲ့ နှစ်နှစ် သက်တမ်းတိုးနိုင်ပါတော့မယ်။ သူဟာ အသက် ၃၄ အရွယ်ရှိနေမယ့် ၂၀၂၄ ခုနှစ်ထိ မန်စီးတီးမှာ ဆက်ရှိနေမှာပါ။