အာဆင်နယ်နည်းပြ အာတီတာကတော့ ဒီနွေမှာ ပြင်သစ်သား တိုက်စစ်မှူး အမ်ဘာပေကို ခေါ်ယူနိုင်ရေး ကြိုးစားဖို့ကို လမ်းဖွင့်လာခဲ့ပြီ ဖြစ်ပါတယ်။
ဘန်လေပွဲကြို မီဒီယာတွေ့ဆုံမှုမှာ အမ်ဘာပေကို ခေါ်ယူနိုင်မလားအတွက် အာဆင်နယ်အသင်းက စကားပြောကြည့်မလား မေးခံရချိန်မှာ အာတီတာက..
” ပြောမှာပေါ့။ ဘာလို့ မပြောရမှာလဲ? ကျနော်တို့ အကောင်းဆုံးအသင်း ဖြစ်ချင်တယ်ဆိုရင် အကောင်းဆုံး ကစားသမားတွေ လိုအပ်ပါတယ်။ အီဒူးနဲ့ အသင်းပိုင်ရှင်တွေက ဒီကိစ္စ စကားပြောရင် ပြောကြမှာပါ ” လို့ တုန့်ပြန်သွားပါတယ်။
အမ်ဘာပေကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်က ရေပန်းစားနေပေမယ့် အာဆင်နယ်ကလည်း သတင်းကြီးတွေ ဖော်ပြခံရမှု ရှိနေတာပါ။ အမ်ဘက်ပီကို ခေါ်ယူရေး ကြိုးစားဖို့နဲ့ ပတ်သက်လို့ ဂန်းနားနည်းပြကပဲ
” အရည်အချင်းရှိ ကစားသမားတစ်ဦးကို ခေါ်ယူလို့ ရလာနိုင်တဲ့အခါ ကျနော်တို့က အမြဲတမ်း ဆွေးနွေးစကားပြောမှု လုပ်ကြည့်လေ့ရှိပါတယ်။ ဒါပေမယ့် မတူညီတဲ့ နည်းလမ်းတွေနဲ့လို့ပဲ ကျနော် ပြောချင်ပါတယ် ” ဆက်ပြောသွားခဲ့ပါတယ်။
အမ်ဘာပေဟာ ပီအက်စ်ဂျီကနေ ထွက်ဖို့ ဆုံးဖြတ်ထားပြီဖြစ်ကာ သူ့ရဲ့ အနာဂတ် အသင်းအဖြစ်တော့ ရီးရဲလ်မက်ဒရစ်၊ အာဆင်နယ်တို့ကို ဖော်ပြလာနေတာပဲ ဖြစ်ပါတယ်။