ဒီနွေမှာ ယာဂင်ကလော့ပ်နဲ့ လက်ထောက်နည်းပြ နှစ်ဦးအပြင် နောက်ထပ် အရေးကြီး ရာထူးတစ်ခုအတွက်လည်း လီဗာပူးအသင်းက အစားထိုးရမှာဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ကလော့ပ်ရဲ့ ခေတ်မှာ အခြားသော အသင်းတွေမှာ မရှိလှတဲ့ ဒါမှမဟုတ် အခေါ်အဝေါ် မတူညီတဲ့ ရာထူးတစ်ခုကို ဖန်တီးခဲ့ပါတယ်။ အဆိုပါရာထူးကတော့ elite development coach ပဲဖြစ်ပါတယ်။

ပထမအသင်း တိုးတက်မှုဆိုင်ရာ နည်းပြလို့လည်း လူသိများပြီး ဒီတာဝန်ဟာ လူငယ်အသင်းမှာ အလားအလာရှိတဲ့ ကစားသမားတွေကို စုဆောင်းကာ ကလော့ပ် ဦးဆောင်တဲ့ လီဗာပူး စီနီယာအသင်း နည်းပြအဖွဲ့တွေရဲ့ ရှေ့ထံ ပို့ဆောင်ပေးရတာ ဖြစ်ပါတယ်။

ရွေးချယ်ထားတဲ့ လူငယ်တွေကိုတော့ ‘Talent Group’ လို့ နာမည်ပေးထားပါတယ်။ ယခင်က ဒီရာထူးကို လက်ထောက်နည်းပြ ပပ်လင်ဒါးက ရယူထားပေမယ့် လက်ရှိမှာတော့ ဗစ်တာမားတိုစ့်ကို တာဝန်ပေးထားပါတယ်။

လူငယ်ကြယ်ပွင့်တွေကို စိတ်ကြိုက် ရွေးထုတ်ပြီးတိုင်း မာတိုစ့်ဟာ ပပ်လင်ဒါးက တစ်ဆင့် နည်းပြကလော့ပ်ထံ သတင်းပို့ပါတယ်။ ၎င်းတို့ဟာ အပတ်စဉ် လီဗာပူးရဲ့ လေ့ကျင့်ရေးတွေမှာ ၆ ဦးကနေ ၈ ဦးထိ လာရောက် ခြေစွမ်း စမ်းသပ်ခံပါတယ်။

သက်တမ်းတိုးသေးပေမယ့် elite development coach ရာထူးဟာ လီဗာပူးအပေါ် လွှမ်းမိုးမှု ကြီးမားတာကို ဒီရာသီ ကွမ်းဆက်၊ ဘရတ်ဒလေတို့ ထွန်းတောက်လာမှုအရ မြင်တွေ့နေပါတယ်။

နွေမှာ မာတိုစ့်ကလည်း လီဗာပူးကနေ ထွက်ခွာမှမို့ လီဗာပူးအသင်း တာဝန်ရှိသူတွေဟာ အဆိုပါရာထူးအတွက်ပါ အင်အားဖြည့်ဖို့ ကြိုးစားရတော့မှာပဲ ဖြစ်ပါတယ်။