မန်ချက်စတာ ယူနိုက်တက် ချိန်ရွယ်နေတဲ့ အဲဗာတန် နောက်ခံလူ Jarrad Branthwaite ကို ဝင်ရောက် ခေါ်ယူနိုင်မယ် လို့ စပါးအသင်းက ယုံကြည်မှု ရှိနေပါတယ်။ အသက် ၂၁ နှစ် အရွယ် ကစားသမားကို ရဖို့ လိုအပ်တဲ့ အသုံးစရိတ်ကိုလည်း စပါးက မြှင့်တင်ဖို့ စီစဉ်နေပါတယ်။
ဘယ်တောင်ပံခြမ်းမှာ ဒမ်ဘီလီ နေရာဆက်ခံဖို့ ရေရှည် ကစားနိုင်မယ့် ပစ်မှတ် ရှာဖွေနေတဲ့ ဘာစီလိုနာ အသင်းဟာ အာဆင်နယ်မှ မာတင်နယ်လီကို မျက်စိကျနေပါတယ်။
အာဆင်နယ် နည်းပြ အာတီတာကတော့ ပီအက်စ်ဂျီကနေ နွေမှာ ထွက်ခွာတော့မယ့် အမ်ဘာပေ ကို သူတို့ အသင်းကလည်း ခေါ်ယူဖို့ ဆွေးနွေးကြိုးစားမယ် လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
လက်ရှိ ရိုးမားမှာ အငှားကစားနေတဲ့ လူကာကူ က ၂၀၂၄ နွေမှာ ချယ်ဆီးအသင်းထံ ပြန်ဖို့ ငြင်းဆန် တုန့်ပြန်ခြင်း မရှိခဲ့ပါဘူး။ ဒါကြောင်း နေရာဟောင်း မိခင်ကလပ် ရှိရာကို လူကာကူ တစ်ယောက် ပြန်ရောက်လာနိုင်ခြေ ရှိပါတယ်။
ယူနိုက်တက် ကာလရှည် ပစ်မှတ်ထားခဲ့တဲ့ ကွင်းလယ်ကစားသမား ဒီဂျောင်ကို ဘာစီလိုနာက ပေါင် သန်း ၉ဝ လို့ ဈေးနှုန်း သတ်မှတ်လိုက်ပါတယ်။
တိုက်စစ်မှုး လူးဝစ် ဆွာရက်စ်ကတော့ လက်ရှိ ကစားနေတဲ့ မေဂျာလိဂ်ကလပ် အင်တာမီယာမီမှာ တစ်နှစ် ကစားပြီးရင် ကစားသမားဘဝ အနားယူမယ်လို့ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
ရာဟင်း စတားလင်းဟာ နွေတုန်းက ဆော်ဒီဘက်က လစာမြင့် ကမ်းလှမ်းမှုကြီး ရခဲ့ပေမယ့် ငြင်းပယ်ပြီး ချယ်ဆီးမှာသာ နေခဲ့တာပါ။ အဆိုပါ ကမ်းလှမ်းမှုကို လက်ခံခဲ့ရင် စတားလင်းက ကမ္ဘာ့ လုပ်ခ အများဆုံး ဘောလုံးသမား အဖြစ် စီရော်နယ်ဒို နောက် ဒုတိယနေရာမှာ ရှိနေမှာပါ။
ယူနိုက်တက် လူငယ်ကြယ်ပွင့်လေး မိုင်နူးဟာ အင်္ဂလန် နည်းပြ ဆောက်ဂိတ်နဲ့ ပြောဆို ဆွေးနွေးပြီးပေမယ့် အင်္ဂလန်လား ဂါနာလား လက်ရွေးစင် အသင်း ရွေးချယ်ခွင့်ကို လမ်းဖွင့်ထားဆဲ ဖြစ်တယ်လို့ သိရပါတယ်။
မော်ရင်ညိုကတော့ ဒီရာသီ ချန်ပီယံလိဂ်ဟာ ရီးလ်မက်ဒရစ် ဒါမှမဟုတ် မန်စီးတီး၊ ပရီးမီးယားလိဂ်ကလည်း မန်စီးတီး ဒါမှမဟုတ် လီဗာပူးပဲ ဗိုလ်စွဲလိမ့်မယ်လို့ သုံးသပ်စကားဆိုသွားပါတယ်။
ကလော့ပ် နေရာ ဆက်ခံဖို့ လီဗာပူး ရည်ရွယ်နေတဲ့ ဇာဗီ အလွန်ဆို ကို ဘိုင်ယန်မြူးနစ်ကလည်း လက်ရှိ နည်းပြ တူချယ် နေရာ အစားထိုးခန့်အပ်ဖို့ ချိန်ရွယ်လာပါတယ်။