မန်စီးတီးနဲ့ ချယ်ဆီးတို့ ထိပ်တိုက်တွေ့တဲ့ ဒီအပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေအတွက် တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က အခုလို သုံးသပ် ခန့်မှန်းသွားပါတယ်။

Brentford vs Liverpool

ဒီပွဲက အံ့ဩစရာရလဒ် ထွက်လာမယ် ထင်ပါတယ်။ ဘရန့်ဖိုဒ့်က ဒီတလော မကောင်းပေမယ့် နောက်ဆုံးကစားထားတဲ့ပွဲကို နိုင်ထားတယ်။ သူတို့ ရလဒ်ကောင်း ထပ်ယူလိုပါလိမ့်မယ်။ လီဗာပူးခံစစ်ကနည်းနည်း ချွတ်ချော်နေတာက သူတို့ ပေးဆပ်ရမှု ဖြစ်လာစေနိုင်ပါတယ်။ သရေကျသွားမှာပါ။

ဘာဘာတော့ဗ် ခန့်မှန်းရလဒ်။ ။ ဘရန့်ဖိုဒ့် ၁-၁ လီဗာပူး

Burnley vs Arsenal

အာဆင်နယ်အတွက် အရေးကြီးတဲ့ ပွဲစဉ်ပါ။ ဘန်လေက ဒီပွဲမှာ အာဆင်နယ်ကို အနိုင်ယူဖို့ အခွင့်အရေး နည်းနည်းလေးတာ ရှိပါတယ်။ အာဆင်နယ်က ပိုအတွေ့အကြုံ ရှိလာပြီး ပိုရင့်ကျက်လာနေပြီ သူတို့ ဆက်ပြီး အာရုံစိုက်ကစားနေဖို့ လိုပါတယ်။

ဒီလိုပွဲဟာ အာဆင်နယ်အတွက် အရေးကြီးပါတယ်။ ဒီပွဲမှာ ရမှတ် ထိခိုက်မယ်ဆိုရင် သူတို့ ပရီးမီးယားလိဂ်ဖလားအတွက် လုံလောက်တဲ့ ရင့်ကျက်မှု မရှိသေးတာပါပဲ။ ကျနော်ကတော့ အာဆင်နယ်နိုင်မယ် မြင်ပါတယ်။

ဘာဘာတော့ဗ် ခန့်မှန်းရလဒ်။ ။ ဘန်လေ ၁-၃ အာဆင်နယ်

Manchester City vs Chelsea

သူတို့အကောင်းဆုံး လုပ်နိုင်ချိန်မှာ စီးတီးက သားရိုင်းတွေဖြစ်ပြီး သူတို့ ဘာလုပ်ရမယ်ဆိုတာ သိပါတယ်။ ဂိုးအရင်ပေးရရင်တောင် စီးတီးက မပြောင်းလဲပါဘူး။ သူတို့မှာ တောင့်တင်းတဲ့ စိတ်ဓါတ်ပိုင်း ရှိပါတယ်။ သူတို့ ဘယ်လို ဂိုးသွင်းရမလဲ သိပါတယ်။

မန်စီးတီးက ချယ်ဆီးကို အထင်သေးပြီး ကစားမယ် မထင်ဘူး။ ဘာလို့လဲဆိုတော့ သူတို့က ခပ်ပိန်းပိန်းတွေ မဟုတ်ဘူးလေ။ သူတို့က လီဗာပူးကို အမီလိုက်ဖို့ ကြိုးစားနေတာပါ။ အိမ်ကွင်းပွဲဖြစ်တဲ့ ဒီပွဲကို မန်စီးတီး အနိုင်ရမယ် ထင်ပါတယ်။

ဘာဘာတော့ဗ် ခန့်မှန်းရလဒ်။ ။ မန်စီးတီး ၃-၁ ချယ်ဆီး

Luton Town vs Manchester United

လူတန်ကွင်းက ကစားရတာ ခက်ခဲပါတယ်။ ယူနိုက်တက်က ဒီကွင်းမှာ လူငယ်တွေ၊ ဝါရင့်တွေ ပေါင်းစပ်ပြီး သွားကစားရမှာပါ။ လူငယ်တွေက ဂိုးတွေသွင်းနေပြီး တိုက်စစ်ကို ဦးဆောင်နေပါတယ်။

လူတန်ထံကနေ မခံလာရသ၍ အထူးသဖြင့် တည်ကန်ဘောမှာ ပြိုင်ဘက်ကို အခွင့်အရေး ပေးဘူးဆိုရင် ယူနိုက်တက်ဟာ ဒီပွဲကို အနိုင်ယူဖို့ လုံလောက်တဲ့ အရည်အချင်း ရှိပါတယ်။ ကျနော်ကတော့ ယူနိုက်တက် နိုင်သွားမယ် ထင်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဒီပွဲကို အနိုင်ယူပြီး ထိပ်ဆုံး ၄ သင်း အနီးကို တိုးလာနိုင်ဖို့ လိုအပ်နေပါတယ်။

ဘာဘာတော့ဗ် ခန့်မှန်းရလဒ်။ ။ လူတန် ၁-၃ မန်ယူနိုက်တက်

အခြားပွဲစဉ်တွေ အတွက် ဘာဘာတော့ဗ်ရဲ့ ခန့်မှန်းရလဒ်များ

Newcastle United 2-0 Bournemouth
Fulham 1-1 Aston Villa
Nottingham Forest 2-2 West Ham United
Tottenham 2-1 Wolves
Sheffield United 2-1 Brighton
Everton 1-0 Crystal Palace