ပိုချက်တီနိုကတော့ မန်စီးတီးကို ရင်ဆိုင်ကစားရာမှာ ဂိုးသွင်းနိုင်ခဲ့ရင် အတူ အောင်ပွဲခံဖို့ အသင်းသား ၂ ဦးကို တိုက်တွန်းလိုက်ပါတယ်။

စနေနေ့မှာတော့ ချယ်ဆီးအသင်းဟာ အီတီဟက်ကွင်းထံ သွားရောက်ကာ ပရီးမီးယားလိဂ်ပွဲ ယှဉ်ပြိုင်ရမှာပါ။ အဆင့် ၄ နေရာနဲ့ ၁၃ မှတ်အကွာ အဆင့် ၁၀ မှာ ရှိနေတဲ့ ချယ်ဆီးဟာ နိုင်ပွဲတွေကို ဆက်တိုက် ပြန်ယူလာနေပြီ ဖြစ်ပါတယ်။

ပိုချက်တီနိုကတော့ ပါလ်မာနဲ့ စတာလင်တို့လို မန်စီးတီး ကစားသမားဟောင်းတွေကို အသင်းဟောင်းကို ဂိုးသွင်းပြီး ချယ်ဆီးအသင်းဖော်တွေနဲ့အတူ အောင်ပွဲခံကြဖို့ တိုက်တွန်းပါတယ်။

ပိုချက်တီနို ပြောရာမှာတော့ ‘ သူတို့ အောင်ပွဲခံကြရင် ဒါက ဘောလုံးပါပဲ။ သူတို့ အောင်ပွဲမခံဘဲ လေးစားမှု ပြသရင်လည်း အဆင်ပြေပါတယ်။ ဒါပေမယ့် သူတို့ ဂိုးသွင်းခဲ့ရင် အောင်ပွဲခံဖို့ လိုပါတယ်။

ကိုယ့်ရဲ့ အသင်းဟောင်းကို အပြတ်ဖြတ်နိုင်ရင် ဆော်းရီးဆိုပြီး အောင်ပွဲမခံလို့ရပါတယ်။ အခြား အသင်းရဲ့ ရင်ဘတ်တံဆိပ်၊ ဂျာစီကို ဝတ်ပြီး ပျော်ရွှင်တဲ့ ခံစားချက်ကို ထိန်းချုပ်ဖို့အစား အောင်ပွဲခံလိုက်ဖို့ လိုပါတယ်။ အခု မင်းက အခြားအသင်းကို ရောက်နေတာပါ။

ကိုယ့်ရဲ့ အသင်းဟောင်းကို လေးစားတယ်ဆိုပေမယ့် ကိုယ်ဝတ်ဆင်ထားတဲ့ ဂျာစီအတွက် ပေးဆပ်ရပါတော့မယ်။ ဒီအသင်းရဲ့ သမိုင်းမှာ ပါဝင်နေပြီမို့ အတူ အောင်ပွဲခံဖို့ လိုပါတယ် ’ လို့ပဲ ဖြစ်ပါတယ်။