အီတီဟတ်မှာ မန်စီးတီးကို ယှဉ်ပြိုင်ကစားပြီး ၁-၁ သရေကျတဲ့ပွဲအပြီးမှာတော့ သွင်းဂိုးရှင် စတာလင်က ပွဲကို ကျေနပ်ပေမယ့် ရလဒ်ကို စိတ်ပျက်ရကြောင်း ထုတ်ပြောခဲ့ပါတယ်။
စတာလင်ဟာ ချယ်ဆီးအတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့သလို လန်ဒန်ကလပ်ဟာ အခွင့်အရေးတွေလည်း ထပ်ရခဲ့သေးတာပါ။ ပွဲကို အပြတ်ဖြတ်နိုင်စွမ်း မရှိခြင်းနဲ့အတူ ဒုတိယပိုင်းမှာ စီးတီးက ပိုကောင်းလာပြီး ခြေပဂိုး ပြန်ယူခဲ့တာ ဖြစ်ပါတယ်။
စတာလင်က ပြောပြရာမှာ ” ပွဲအပြီးမှာတော့ ကျနော်တို့ ကျေနပ်ခဲ့ရပါတယ်။ တချိန်တည်းမှာပဲ နည်းနည်းလည်း စိတ်ပျက်မိပါတယ်။ ကျနော်တို့ ပွဲကို အပြတ်ဖြတ်နိုင်ဖို့ အခွင့်အရေးရှိခဲ့ပါတယ်။
မန်စီးတီးက ဘောလုံးနဲ့အတူ သိပ်ကောင်းတဲ့အသင်း ဆိုတာ ကျနော်တို့ သိပါတယ်။ ကျနော်တို့တွေ ဦးနှောက်သုံး ကစားရမယ့် အချိန်တွေရှိခဲ့တယ်။ နိုင်ပွဲနဲ့အတူ ပြန်မသွားနိုင်တာကိုတော့ စိတ်ပျက်ရပါတယ်။
ကျနော်တို့ ဆက်ပြီး ကြိုးစားသွားရမှာပါ။ ကာရာဘောင်းဖိုင်နယ်က နောက်ထပ် စမ်းသပ်မှုပါပဲ။ နောက်ထပ် အခွင့်အရေးပါပဲ။ ဖလား ကိုင်မြှောက်နိုင်ရမယ်ဆိုတဲ့ စိတ်ဓါတ်တွေနဲ့အတူ အဲ့ပွဲကို သွားရောက် ယှဉ်ပြိုင်ရပါမယ်။ ” လို့ ဖြစ်ပါတယ်။
ဒီပွဲအပြီး မန်စီးတီးဟာ ၁ ပွဲလျော့ကစား ဇယားထိပ်က လီဗာပူးနဲ့ ၄ မှတ်အကွာ တတိယနေရာကို ရောက်သွားပါတယ်။ ချယ်ဆီးကတော့ ဘရိုက်တန်နဲ့ ရမှတ်တူ ၃၅ မှတ်ဖြင့် အမှတ်ပေးဇယား အဆင့် ၁၀ နေရာမှာ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။