၂၀၂၄ ခုနှစ်အတွင်း ပရီးမီးယားလိဂ်ရဲ့ သွင်းဂိုး အများဆုံး တိုက်စစ်သမားနေရာဟာဟာလန်း၊ ဆာလာတို့ ပြန်လည် ကစားလာနိုင်ခြင်းနဲ့အတူ အပြိုင်အဆိုင်ဖြစ်လာနေပါပြီ။

ဟာလန်းနဲ့ ဆာကာတို့ လွှမ်းမိုးထားခဲ့ပေမယ့် ဘန်လေကို အနိုင်ရတဲ့ပွဲမှာ ၂ ဂိုးသွင်းနိုင်ခဲ့တဲ့ ဆာကာဟာ နောက်ဆုံး ကစားထားတဲ့ ၅ ပွဲမှာ ၆ ဂိုးထိ ရလာခဲ့ပါပြီ။ အကောင်းဆုံး ပုံစံတွေကြောင့်ပဲ ဆာကာဟာ လက်ရှိ အင်္ဂလန်လိဂ်ရဲ့ အထက်မြက်ဆုံး တိုက်စစ်သမားလည်း ဖြစ်လာနေခဲ့တယ်။

ပရီးမီးယားလိဂ် ၂၅ ပွဲ ကစားအပြီးမှာ ဆာကာဟာ ပရီးမီးယားလိဂ် သွင်းဂိုး ၁၂ ဂိုး ရထားပြီဖြစ်ကာ မန်စီးတီးရဲ့ ဟာလန်းနဲ့ လီဗာပူးရဲ့ ဆာလာတို့ကို ဖိအားပေးလာနေပါပြီ။

ဟာလန်းက ၁၆ ဂိုးနဲ့အတူ ထိပ်ဆုံးမှာ ရှိနေတာဖြစ်ပြီး ဒုတိယနေရာမှာ ဆာလာက ၁၅ ဂိုးဖြင့် ရှိနေတာပါ။ သူတို့နောက်မှာ ဘုန်းမောက် တိုက်စစ်မှူး ဆိုလန်ကီ (၁၄ ဂိုး)၊ ဗီလာ တိုက်စစ်မှူး ဝက်ကင် (၁၃ ဂိုး)၊ ဆွန် (၁၂ ဂိုး) တို့ ရှိနေပါတယ်။

အာဆင်နယ်အသင်းရဲ့ တိုက်စစ်ပိုင်း ထက်မြက်လာမှုတွေအရ လက်ကျန် ပွဲတွေမှာ ဆာကာဟာ ဂိုးတွေ သွင်းနိုင်နေဦးမှာပါ။ သူဟာ ရာသီသိမ်းခါနီးမှာတော့ ဟာလန်း၊ ဆာလာနဲ့ အပြိုင် ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို စိန်ခေါ်လာဖွယ် ရှိနေတာ ဖြစ်ပါတယ်။