ယူနိုက်တက်က လူတန်တောင်းကို ၂-၁ နဲ့ အနိုင်ရတဲ့ပွဲမှာ ကွင်းလယ်လူ ကာဆီမီရိုရဲ့ မိုက်မဲမှုဟာ သရဲနီတွေကို ပေးဆပ်ရလုဖြစ်စေခဲ့ပါတယ်။
အဝါကက် တစ်ကြိမ်ရထားပြီဖြစ်ပေမယ့် ကာဆီမီရိုဟာ ပထမပိုင်း မပြီးခင်မှာ ပြစ်ဒဏ်တွေ ဆက်တိုက် ကျူးလွန်နေခဲ့တာပါ။ ဘာကလေကို နောက်ကနေ ဝင်ဖျက်မှုဟာ ဒုတိယ အဝါကက်ပြဖို့ ပြိုင်ဘက်ရဲ့ ဖိအားပေးမှု ပြင်းထန်ခဲ့ပေမယ့် ဒိုင်လူကြီးက မပေးဖို့ ဆုံးဖြတ်ခဲ့တာ ကံကောင်းခဲ့ပါတယ်။
ပထမပိုင်းမှာတင် ၁၀ ယောက်ကျန်နဲ့ ကစားရမှာဆိုရင် ယူနိုက်တက်အတွက် အတော်လေး ခက်ခဲခဲ့မှာပါ။ ကာဆီမီရိုရဲ့ လုပ်ရပ်အတွက် စကိုင်းစပေါ့ သုံးသပ်သူ ဟယ်ရီရက်နက်က
‘ ကာဆီမီရိုက ဉာဏ်နည်းတဲ့သူပဲ။ အဝါကဒ် ရထားပြီးပြီ အဲ့တာကို သူက ထပ်ခါ ထပ်ခါ ပြစ်ဒဏ်တွေ ဆက်လုပ်နေတယ်။ ကွင်းထဲမှာ ဆက်ရှိနေတာ သူတကယ် ကံကောင်းပါတယ်။ ဒုတိယပိုင်းမှာ သူ့ကို လူစားလဲခဲ့တာ သိပ်မှန်တဲ့ လုပ်ရပ်ပဲ။
အဝါကဒ် ပြခံထားရရင် ကိုယ့် ဖောင်းတွေကို ထပ်လုပ်လို့ မရဘူး။ သူ ဒီလို ဖျက်ထုတ်မှုတွေ လုပ်လို့မရဘူး။ သူ တကယ် ကံကောင်းပါတယ်။ ဒုတိယ အဝါကဒ် ရခဲ့သင့်တာပါ။ ’ ဆိုပြီး ဝေဖန်ခဲ့တာပါ။
ဘာကလေကို ကာဆီမီရိုရဲ့ ဝင်ဖျက်မှုဟာ ပြင်းထန်ခဲ့ပေမယ့် ပထမတစ်ဝါကြောင့် သက်ညှာခဲ့ဟန် ရှိပါတယ်။
ဂယ်ရီနဗီးကလည်း ‘ လူတန်ကစားသမားတွေက ကာဆီမီရို ဒုတိယ အဝါ ထပ်ရဖို့ တောင်းဆိုခဲ့ပေမယ့် ဒိုင်က မပေးခဲ့တာ သူ အတော်လေး ကံကောင်းပါတယ် ’ လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။