အန်ကတ်တီးရားကတော့ မနှစ်က အမှားတွေကို သင်ခန်းစာယူပြီး ပိုမို ဆာလောင်နေတဲ့ အစုအဖွဲ့မျိုးဖြင့် တိုးတက်လာခြင်းကြောင့် ရာသီကုန်မှာ အာဆင်နယ်အသင်း ဖလားရနိုင်မယ်လို့ ယုံကြည်နေပါတယ်။

အာဆင်နယ်ဝဘ်ဆိုဒ်ကနေ အန်ကတ်တီးရားက ပြောရာမှာ ” ကျနော်တို့တွေ ဆာလောင်နေကြတယ်။ ကျနော်တို့ ကောင်းကောင်းလုပ်နေပြီး တစ်ခုခုကို အောင်မြင်ချင်ပါတယ်။ ကွင်းတွင်းကွင်းပြင် အသင်းအဖွဲ့ကောင်း ပိုင်ဆိုင်နေတာကလည်း တကယ်ကို အကူအညီဖြစ်ပါတယ်။

ရာသီစ သိပ်ကောင်းခဲ့သလို အခုဆို ပိုတိုးတက်လာနေပါတယ်။ ကိုယ့်ဘာသာတွေက အကောင်းဆုံးတွေ မြင်ရဖို့လည်း အချင်းချင်း တွန်းအားပေးနေကြတယ်။

အတွေ့အကြုံတိုင်းက ပိုကောင်းတဲ့ ကစားသမား ဖြစ်လာစေပါတယ်။ ကျနော်တို့ တစ်နှစ် အသက်ပိုကြီးလာတယ်။ တစ်နှစ် အတွေ့အကြုံ ပိုများလာတယ်။ မနှစ်ကရာသီ အမှားတွေကို သင်ခန်းစာ ယူနိုင်မယ်လို့ မျှော်လင့်ပါတယ်။

ကွင်းထဲမှာ ခြေစွမ်းပြနေတဲ့အပြင် နေရာတိုင်းမှာ ပွဲကစားခွင့်အတွက် ပြိုင်ဆိုင်နေကြပါတယ်။ ဒါကပဲ ရာသီသိမ်းခါနီးမှာ ကျနော်တို့ကို အနေအထားကောင်း ရောက်စေမှာပါ။ ကျနော်တို့ တစ်ပွဲချင်း အာရုံစိုက်ပြီး ရာသီအကုန်မှာ စပယ်ရှယ်ဆိုတဲ့ အရာကို အောင်မြင်နိုင်ဖို့ မျှော်လင့်ပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။

အာဆင်နယ်ဟာ ပရီးမီးယားလိဂ်မှာ ၅ ပွဲဆက် နိုင်ပွဲရထားပါပြီ။ ဒီပွဲတွေအတွင်း ၂၅ ဂိုးထိ သွင်းယူထားသလို ဇယားထိပ်က လီဗာပူးနဲ့ ၂ မှတ်ပဲ ကွာဟတော့တာ ဖြစ်ပါတယ်။