ဒေါ့မွန်အသင်းဟာ အာဆင်နယ်အသင်းခေါင်းဆောင် ကိုစီရယ်နီကို ခေါ်ယူဖို့ အလိုရှိနေပါတယ်။ အသက် ၃၃ နှစ်အရွယ် ခံစစ်မှူးကြီးကလည်း အာဆင်နယ်အသင်းအတွက် ပွဲ ၃၅၀ ကျော် ကစားထားပြီး စိန်ခေါ်မှုသစ်တွေ ရှာဖွေဖို့ ပြင်ဆင်နေပါတယ်။

ဒေါ့မွန် အပြင် လေဗာကူဆင်၊ အေစီမီလန်နဲ့ မိုနာကိုအသင်းတွေဆီက ချိတ်ဆက်မှုတွေရရှိထားတဲ့၊ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့တဲ့ ၃၄ နှစ်အရွယ် အသင်းခေါင်းဆောင် ကိုစီရယ်နီရဲ့ တန်ကြေးကို အာဆင်နယ်အသင်းက ပေါင် ၁၀.၆ သန်းအထိ သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။

အာဆင်နယ်မှာ အငှား သွားရောက် ကစားခဲ့တဲ့ ဘာစီလိုနာ ကွင်းလယ်ကစားသမား ဒန်းနစ်ဆွာရက်စ်ကတော့ ဒီနှစ်က မေ့ပစ်ရမယ့် နှစ် ဖြစ်တယ်လို့ ဖွင့်ဟလိုက်ပြီး အမ်းမရိတ်ကို ရောက်ပြီးနောက် ၄င်းဟာ ကြံ့ခိုင်မှု မပြည့်ဝဘဲ ရုန်းကန်နေခဲ့ရတယ်လို့ ဆိုပါတယ်။

အာဆင်နယ်အသင်းဟာ ၄င်းတို့ ဦးစားပေး ပစ်မှတ်ခံစစ်မှူး စိန့်အီတီအသင်းမှ ၀ီလီယံ ဆာလီဘာကို ခေါ်ယူဖို့ ပြောဆို ဆွေးနွေးမှုများ အတော် ခရီးရောက်နေပြီလို့ သိရပါတယ်။ ဆာလီဘာအတွက် အပြောင်းအရွှေ့က ယူရို သန်း ၃၀ ( ပေါင် ၂၇ သန်း) မျှ အာဆင်နယ်ဘက်က ပေးရင် ဖြစ်မြောက်လာတော့မှာပါ။

အာဆင်နယ်နဲ့ ယူနိုက်တက်တို့ အပြိုင် ကြိုးစားနေတဲ့ ပီအက်စ်ဂျီမှ ဘယ်လ်ဂျီယံသား ခံစစ်မှူး သောမတ်စ် မူနီယာက လက်ရှိ ကလပ် အသင်းမှာပဲ ဆက်နေလိုကြောင်း ၄င်း ဆန္ဒကို ထပ်မံ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ဆာနေးကို ခေါ်ယူဖို့ ကြိုးပမ်းမှု မအောင်မြင်ခဲ့ရင် အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ဖို့ ဆွေးနွေးနေတဲ့ ဒါလီယန်း လီဖန်း တောင်ပံကစားသမား ယာနစ် ကာရက်စ်ကို ကို ခေါ်ယူဖို့ ကြိုးပမ်းဖွယ် ရှိနေတယ်လို့ ဂျာမန်သတင်းများမှာ ဖော်ပြခဲ့ပါတယ်။

ဂန်းနားဟောင်း ဗီလာရီးရဲယ် ကွင်းလယ် ကစားသမား ဖြစ်သူ ဆန်တီ ကာဇိုလာဟာ အသင်းနဲ့ နောက်ထပ် တစ်နှစ် ဆက်လက် ရှိနေမယ့် စာချုပ်သစ် တစ်ရပ်ကို ချုပ်ဆိုသွားကြောင်း သိရပါတယ်။ ကာဇိုလာဟာ ယူရို- ၂၀၂၀ ခြေစစ်ပွဲဝင် စပိန် အသင်းရဲ့ လူစာရင်းမှာလည်း ပြန်လည် ရွေးချယ်ခံခဲ့ရပါတယ်။