ဒီတပတ် ကြားရက်မှာ မန်ချက်စတာ စီးတီးက ပရီးမီးယားလိဂ် ပွဲကျန် တစ်ပွဲ ကစားဖို့ ရှိနေသလို လီဗာပူး အသင်းကလည်း လာမယ့် weekend မှာ ကာရာဘောင်းဖလား ဗိုလ်လုပွဲ ကစားဖို့ ရှိနေတာကြောင့် ပရီးမီးယားလိဂ် အစောပွဲ ယှဉ်ပြိုင် ကစားဖို့ ရှိနေပါတယ်။
ဘောလုံးပွဲတွေ အပတ်စဉ် သုံးသပ်နေကြ ဂန်းနားဟောင်းကြီး ပေါမာဆန်ကတော့ ဒီနှစ်ပွဲ အတွက် အခုလို ကြိုတင် သုံးသပ် ခန့်မှန်းထားပါတယ်။
မန်စီးတီး vs ဘရန့်ဖို့ဒ်
ဘရန့်ဖို့ဒ်က ပြီးခဲ့တဲ့ ရာသီ မန်စီးတီးကို နှစ်ကြိမ်လုံး အနိုင်ယူခဲ့ပေမယ့် ဂွာဒီယိုလာရဲ့ အသင်းဟာ ဒီပွဲကိုတော့ သက်တောင့်သက်သာ အနိုင်ရသွားမယ်လို့ ကျွန်တော် ထင်တယ်။ စီးတီးက ဒီပွဲ နိုင်လိုက်ရင် ဇယားထိပ်က လီဗာပူးနဲ့ အာဆင်နယ်ကို ဖိအားပေးနိုင်မှာပါ။
ပြီးခဲ့တဲ့ အပတ် ချန်ပီယံလိဂ်ပွဲမှာ ကိုပင်ဟေဂင်ကို ဂိုးပြတ်နိုင်ထားတဲ့ မန်စီးတီးက နောက်တကျော့မှာ ကစားသမား တချို့ အနားပေးပြီး ပရီးမီးယားလိဂ်ဘက် အာရုံစိုက်နိုင်တော့မှာပါ။
ဒါကို စဉ်းစားကြည့်မယ် ဆိုရင် အခုကနေ ရာသီကုန်ထိ ပရီးမီးယားလိဂ်ထက် ချန်ပီယံလိဂ်မှာမှ အရှုံးခံလို့ ရသေးတယ် လို့ မြင်ပါတယ်။ ဂွာဒီယိုလာရဲ့ အသင်းက ဒီလို အခြေအနေတွေကို ဖောက်ထွက်တဲ့နေရာမှာ ဆရာကျနေပြီ။ သူတို့ ဘယ်လို လုပ်ရမလဲ ကောင်းကောင်း သိပါတယ်။
ပေါမာဆန် ခန့်မှန်းရလဒ်။ ။ မန်စီးတီး 3-0 ဘရန့်ဖို့ဒ်
လီဗာပူး vs လူတန်တောင်း
ဒီပွဲက လီဗာပူးအတွက် အန္တရာယ်ရှိတဲ့ ပွဲပါ။ ကလော့ပ် အတွက်လည်း ချယ်ဆီးနဲ့ ကာရာဘောင်း ဖိုင်နယ်ပွဲကို တွေးနေရမှာ ဖြစ်လို့ ပွဲထွက် လူစာရင်း ရွေးချယ်ဖို့ ခေါင်းကိုက်ရပါဦးမယ်။ ဒါပေမယ့် ဒီပွဲကို သူက သူ့အကောင်းဆုံး ကစားသမားတွေ ပွဲထုတ်မယ်လို့ ထင်ပါတယ်။ ပွဲကို စောစော ဖြတ်ပြီးမှသာ လူစားလဲ အနားပေးမှုတွေ ပြုလုပ်ဖွယ် ရှိပါတယ်။
လိဂ်ဖလား (ကာရောဘောင်း) ပြိုင်ပွဲက ကောင်းပါတယ်။ လီဗာပူး အနေနဲ့ကတော့ ဂျာမန်သားကြီး လက်အောက်မှာ ဒါကို အနိုင်ရခဲ့ပြီး ဖြစ်ပါတယ်။ သူတို့ အနေနဲ့ ကလော့ပ် ခေတ်ကို လှလှပပ အဆုံးသတ်ဖို့ ပရီးမီးယားလိဂိ ကိုပဲ အလိုရှိနေမှာပါ။
ပေါမာဆန် ခန့်မှန်းရလဒ်။ ။ လီဗာပူး 3-0 လူတန်တောင်း