ဒီအပတ်မှာတော့ အာဆင်နယ်အသင်းရဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ ရှုံးထွက်အဆင့် ပွဲစဉ်တွေ ပြန်လည် စတင်လာပြီ ဖြစ်ပါတယ်။ လီဗာပူးအသင်းနဲ့ ချန်ပီယံလိဂ်ဖလား ၃ ကြိမ် ကိုင်မြောက်ခဲ့တဲ့ ဂန္တဝင်ကြီး ဖီးသွန်ပ်ဆန်က အခုလို ခန့်မှန်းပေးလာပါတယ်။

Porto v Arsenal

အာဆင်နယ်က သိပ်ကောင်းတဲ့ ပုံစံကောင်းတွေရနေသလို နောက်ဆုံး အဝေးကွင်း ၂ ပွဲမှာ ၁၁ ဂိုးထိ သွင်းထားပါတယ်။ သူတို့က အဲ့ပွဲတွေကို ၀-၅၊ ၀-၆ တွေနဲ့ အနိုင်ရထားတာ ဖြစ်ပါတယ်။

ပေါ်တိုအသင်း ဘာအခွင့်အရေးမှ မရနိုင်ဘူးလို့ ထင်ပေမယ့် သူတို့ အိမ်ကွင်းကလည်း ရလဒ် ရယူနိုင်ဖို့ရာ ခက်ခဲတဲ့ကွင်းပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စနေနေ့က အိမ်ကွင်းပွဲမှာ ပေါ်တိုက ၂-၀ နဲ့ အနိုင်ရထားသလို လက်ရှိမှာ ဘင်ဖီကာ၊ စပို့တင်းနောက်က အမှတ်ပေးဇယား တတိယနေရာမှာ ရှိနေတဲ့ အသင်းပါ။

ဂန်းနားတို့က နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ် ၅ ပွဲကို ၂၁ ဂိုးနဲ့ အနိုင်ရထားတော့ ဒီပွဲကိုလည်း ဂိုးပြတ်ရလဒ် အနေနဲ့ ၃-၁ လောက်နဲ့ နိုင်သွားမယ် ထင်ပါတယ်။

ပေါ်တိုအသင်းက အိမ်ကွင်းမှာ ကစားရမှာမို့ သူတို့နောက်မှာ ပရိသတ်ထုကြီး ရှိနေမှာဖြစ်ပြီး ဂိုး ၁ ဂိုးလောက်တော့ ပြန်သွင်းပါလိမ့်မယ်။ ဆာကာနဲ့ မာတင်နယ်လီတို့လည်း ဂိုးရမယ် ထင်ပါတယ်။

ဖီးသွန်ပ်ဆန် ခန့်မှန်းရလဒ်။ ။ ပေါ်တို ၁-၃ အာဆင်နယ်