လီဗာပူးအသင်းဟာ ဒီနွေစျေးကွက်မှာ ခံစစ်ပိုင်းကို အာရုံစိုက်မှာဖြစ်ကာ ခံစစ်မှူးနဲ့တကွ ဂိုးသမား တစ်ဦးတို့ကို ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။

ခံစစ်မှူးနေရာအတွက် ပဲလေစ့်အသင်းမှ ခံစစ်မှူး ဂူဟီကို ဦးစားပေး ပစ်မှတ်အဖြစ် ရွေးချယ်လာပါတယ်။ အားကစားဒါရိုက်တာသစ် ရထားပြီဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ကလည်း ဂူဟီကို ခေါ်ယူလိုနေတာကြောင့် နှစ်သင်း အပြိုင်ချိတ်ဆက်ရမှု ဖြစ်လာဖွယ် ရှိနေပါတယ်။

လီဗာပူးအသင်းဟာ အားကစားဒါရိုက်တာသစ် မရသေးသလို ယာဂင်ကလော့ပ် နေရာ အစားထိုးဖို့ နည်းပြသစ်လည်း မခန့်ရသေးတာကြောင့် ဂူဟီကို ခေါ်ယူရေးဟာ ခပ်မြန်မြန်ဖြစ်လာမယ့် ကိစ္စတော့ မဟုတ်ပါဘူး။ ဒါပေမယ့် နွေပစ်မှတ်စာရင်းထဲ ဂူဟီကို ထိပ်ဆုံးနားမှာ ထည့်ထားခဲ့ပါပြီ။

၂၀၂၁ တုန်းက ချယ်ဆီးကနေ ပဲလေစ့်ကို ပေါင် ၁၈ သန်းဖြင့် ပြောင်းရွှေ့ခဲ့တဲ့ ခံစစ်မှူးရဲ့ စာချုပ်မှာတော့ အလိုရှိက ပြန်လည်ခေါ်ယူနိုင်မယ့် သဘောတူညီချက် မပါဝင်ပါဘူး။ သူ့ကို ပွဲကစားခွင့်ပေးမယ့်အပေါ် မူတည်ပြီး ကလပ်တွေက ဆွဲဆောင်လို့ရမယ်လို့ သိရပါတယ်။

လီဗာပူးအသင်းဟာ အလွန်ဆိုကို ခန့်အပ်ပြီးရင် စပိန်သားနည်းပြရဲ့ စိတ်ကြိုက် ကစားကွက်ဖြစ်တဲ့ ၃-၄-၃ အတွက် ကြိုတင်ပြင်ဆင်မှုအနေဖြင့် ခံစစ်မှူးသစ်တွေကို လျာထားမှု ပြုလုပ်နေကြောင်း သတင်းထွက်မှု ရှိထားပါတယ်။

အသက် ၂၃ နှစ်အရွယ် အင်္ဂလန်သား ခံစစ်မှူးဟာ ပဲလေစ့်နဲ့ ၂၀၂၆ ခုနှစ်ထိ စာချုပ်ရှိသူဖြစ်ကာ သူ့အတွက် ပြောင်းရွှေ့ကြေးက ပေါင် သန်း ၅၀-၆၀ ဝန်းကျင် ရှိမယ်လို့ ခန့်မှန်းရပါတယ်။