ခရစ္စတယ်ပဲလေ့စ် အသင်းဟာ မန်ယူအသင်း ပစ်မှတ်ထားနေတဲ့ ခံစစ်မှူး ဝမ်ဘစ်ဆာကာ အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း (၅၀) အောက် ကမ်းလှမ်းမှုများကို လက်ခံ စဉ်းစား သွားမှာ မဟုတ်ကြောင်း သိရှိ ရပါတယ်။

မန်ယူဘက်က လာမယ့် နှစ်ပတ်အတွင်း ကမ်းလှမ်းမှု တစ်ခု၊ နှစ်ခုကို စတင်နိုင်ဖို့ မျှော်လင့်နေကြောင်း သိရှိ ရပါတယ်။ အတည်မပြုနိုင်ပေမယ့် ဝမ်ဘစ်ဆာကာနဲ့ လောင်းစတပ်တို့ဖြစ်မယ်လို့ သတင်းထွက်နေပါတယ်။

ဂျူဗင်တပ်အားကစား ဒါရိုက်တာ Fabio Paratici ကိုယ်တိုင် ပေါ့ဘာ အပြောင်းအရွှေ့ကိစ္စ မန်ချက်စတာ ယူနိုက်တက် တာဝန်ရှိသူများနဲ့ မျက်နှာ်ချင်းဆိုင် တွေ့ဆုံဆွေးနွေးဖို့ လန်ဒန်သို့ ရောက်ရှိနေကြောင်း စကိုင်းစပေါ့ အီတလီသတင်းမှာ ဖော်ပြသွားပါတယ်။

အီတလီမှာ ဘောလုံးရေးရာလှုပ်ရှားမှုများ ပြုလုပ်ခွင့် ပိတ်ပင်ခံထားရတဲ့ နာမည်ကျော် အေးဂျင့် ရွိုင်းအိုလာက ထို ပြစ်ဒဏ်အတွက် အယူခံ ၀င်ထားပြီ ဖြစ်ကာ ပေါ့ဘာနဲ့ ဂျူဗင်တပ်အသင်းကြား အပြောင်းအရွှေ့ကလည်း မျှော်လင့်စရာ ဖြစ်လာခဲ့ပါတယ်။

မက်ဂွဲယားအတွက် လက်စတာအသင်းဘက်က ပြောင်းရွှေ့ကြေး ပေါင် သန်း ၉၀ ထိ တောင်းဆိုနေသော်လည်း မန်ယူအသင်းဘက်က နောက်ဆုတ်သွားဦးမှာ မဟုတ်ကြောင်း သိရပါတယ်။ ဒါပေမယ် ခံစစ်သမားရဲ့ ပြောင်းရွှေ့ကြေးကို လျော့ချနိုင်ဖို့ ကြိုးစားရဦးမှာပါ။

မန်ယူနဲ့ အပြောင်းအရွှေ့ကိစ္စ မေးမြန်းခံရစဉ်မှာ ရာဘီရော့က “မန်ချက်စတာ ယူနိုက်တက် လား? မနှစ်က လိုပါပဲ။ ကျနော် ဆုံးဖြတ်ချက် ချရမှာပါ။ အခုက ကျနော့် အားလပ်ရက်လေ။ မကြာခင်မှာ ခင်ဗျားတို့ သိရတော့မှာပါ။ ” လို့ ဖြေဆိုခဲ့ပါတယ်။

ပရီးမီးယားလိဂ် ပွဲစဉ်ဇယား တရားဝင် ထွက်ပေါ်လာပြီးတဲ့နောက်မှာ အစောပိုင်းပွဲစဉ်တွေက ခက်ခဲတာကြောင့် မန်ယူနည်းပြ ဆိုးလ်ရှားဟာ ၂ လ အတွင်း ထုတ်ပယ် ခံရနိုင်တယ်လို့ ပြိုင်ဘက် ပရိတ်သတ်တွေနဲ့ အင်္ဂလန်မီဒီယာတွေက သုံးသပ်မှုတွေ ရှိလာပါတယ်။

မန်ယူ ၊ ဘာစီလိုနာ နဲ့ လီဗာပူးအသင်းတို့ဟာ Fluminense အသင်းမှ အသက် ၁၇ နှစ် အရွယ် ဘရာဇီး ကစားသမား ယာအိုပတ်ဒရိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။ ကစားသမား အသက် ၁၈ နှစ်ပြည့်တဲ့ အချိန်မှာ ကြိုတင်သဘောတူညီမှု ရယူထားဖို့ဖြစ်ပါတယ်။

မန်ယူဟာ အရန်အသင်းက အသက် 19 နှစ်အရွယ် ခံစစ်မှူး အာကိုလိုနီကို နှစ်နှစ်စာချုပ် ပေးနိုင်ဖို့ စီစဉ်နေပါတယ်။ ကစားသမားဟာ မနှစ်က လူငယ်ချန်ပီယံလိဂ်ပြိုင်ပွဲမှာ တောက်ပလာတဲ့နောက် စီးရီးအေကလပ်တွေက စိတ်ဝင်စားလာနေတာပါ။

မန်ယူအသင်းခေါင်းဆောင်ဟောင်း ဗလန်စီယာကို ခေါ်ယူနိုင်ဖို့ ပရီးမီးယားလိဂ် တန်းတက်ကလပ်ဖြစ်တဲ့ ရှက်ဖီးအသင်းက ကြိုးစားလာနေပါတယ်။