The Overlap အစီအစဉ်ကနေ ဂယ်ရီနဗီးက တချိန်က အသင်းဖော်ဟောင်း ရွန်းနီကို လက်ထောက်နည်းပြအဖြစ် အလုပ်လုပ်ဖို့ ဆန္ဒရှိမရှိ မေးမြန်းခဲ့ပါတယ်။
ရွန်းနီဟာ ဘောလုံးသမားဘဝက အနားယူပြီးနောက် လက်ထောက် နည်းပြအဖြစ် အလုပ်လုပ်ခဲ့သေးပြီး ကိုယ်တိုင် မန်နေဂျာအဖြစ် တာဝန်ယူချိန်မှာတော့ အောင်မြင်မှု မရဖြစ်နေခဲ့တာပါ။
နဗီးရဲ့ မေးခွန်းကို ရွန်းနီကတော့ ” အခြေအနေပေါ် မူတည်ပါတယ် “လို့ တုန့်ပြန်ခဲ့တယ်။
သူက ဆက်ပြီး ပြောရာမှာ ” ဂွာဒီယိုလာက ကျနော်ကို သူ့လက်ထောက် လာလုပ်ပါဆိုရင်တော့ မန်စီးတီးကို ချက်ခြင်း သွားလိုက်မှာပါ။
အာဆင်နယ်မှာ အာတီတာ ဘာတွေကို လုပ်နေတယ်ဆိုတာ ခင်ဗျားတို့လည်း မြင်ပါတယ်။ သူ အာဆင်နယ်မှာ အဆင်ပြေနေတာဟာ ဂွာဒီယိုလာထံက အကောင်းဆုံး သင်ယူခဲ့ရလိုဖြစ်ကြောင်း ကျနော်ကတော့ ယုံကြည်ပါတယ်။
ဒီတော့ ဂွာဒီယိုလာက လက်ထောက် လာလုပ်ပါလို့ ကမ်းလှမ်းရင်တော့ ကျနော် စီးတီးကို သွားမှာပါ ” လို့ ဖြစ်ပါတယ်။
ရွန်းနီ ပြောသလိုပဲ အာတီတာဟာ မန်စီးတီးမှာ ဂွာဒီယိုလာနဲ့ လက်တွဲပြီး အကောင်းဆုံး သင်ယူမှု လုပ်နိုင်ခဲ့ပါတယ်။ အခုဆိုရင် အာဆင်နယ်ဟာ ပရီးမီးယားလိဂ်တင် မကဘဲ ချန်ပီယံလိဂ်ကိုပါ စတင် စိန်ခေါ်နေပြီပဲ ဖြစ်ပါတယ်။