ချန်ပီယံလိဂ်မှာ ပေါ်တိုအသင်းကို ရှုံးနိမ့်ပြီးတဲ့နောက် ပြိုင်ဘက််အသင်းရဲ့ ဘောလုံးကစားလိုစိတ် မရှိဘဲ ခံစစ်ပဲ ပိတ်ထားချင်တဲ့ နည်းစနစ်ကို အာတီတာက ထုတ်ဖော် ဝေဖန်ခဲ့ပါတယ်။
အာတီတာက ‘ ကျနော်တို့က ခံစစ်ပိုင်း ပိတ်ကစားဖို့ အသားကျနေတဲ့ အသင်းတစ်သင်းကို ရင်ဆိုင်ခဲ့ရတာပါ။ ဒီပွဲကနေ သင်ယူပြီး နောက်ပွဲမှာ ပိုကောင်းအောင် ကစားသွားပါမယ်။
ကျနော်တို့အသင်းရဲ့ အကောင်းဆုံး အရည်အချင်းကတော့ စိတ်ဓါတ်ပိုင်းပါပဲ။ ကျနော်တို့က ဘောလုံးကစားချင်တယ်။ ခံစစ်ပဲပိတ်ထားပြီး ဘောလုံးကစားလိုစိတ် မရှိတဲ့ အသင်းတစ်သင်းကို ရင်ဆိုင်ရတာတောင် ကျနော်တို့ရဲ့ ပြင်းပြမှုက နည်းပါးမသွားခဲ့ပါဘူး ’ ဆိုပြီး ဝေဖန်ခဲ့ပါတယ်။
ပေါ်တိုအသင်း ပွဲချဉ်းကပ်ပုံနဲ့ ပတ်သက်လို့ အာတီတာရဲ့ ဝေဖန်ချက်အပေါ် ပြိုင်ဘက်နည်းပြ Sergio Conceicao ကတော့
‘ ကိုယ့်ဘက်က အမြင်နဲ့ပဲ သက်ဆိုင်ပါတယ်။ သူတို့က ဘောလုံးကစားချင်တယ်၊ ကျနော်တို့ကတော့ ဘောလုံးပွဲကို နိုင်ချင်တယ်။ အာတီတာက ဘောလုံးလောကမှာ ဆုဖလားအောင်မြင်မှု အများဆုံး ဂွာဒီယိုလာ ကျောင်းထွက် တစ်ယောက်ပါ။
ပြိုင်ဘက်ကို အနိုင်ရဖို့ အကောင်းဆုံး နည်းလမ်းဟာ ဘောလုံးပိုင်ဆိုင်မှု တစ်ခုတည်းလို့ သူတို့ ထင်နေကြတာပါ။ ဒါပေမယ့် အသင်းတစ်သင်းဟာ ကိုယ့်မှာရှိနေတဲ့ ကစားသမားတွေအပေါ် မူတည်ပြီး ပွဲနိုင်ပွဲရအောင် ကြိုးစားရတာပါ။
ကျနော်တို့ ဘောလုံးပိုင်ဆိုင်မှု ၄၀%-၆၀% ရှိခဲ့ပါတယ်။ ၃၀%-၇၀% ထိ နည်းပါးပေမယ့် ပွဲနိုင်မယ်ဆိုရင် ကျနော်တော့ ကိစ္စ မရှိပါဘူး။ နိုင်ပွဲရဖို့ဆိုတာက ဂိုးသွင်းဖို့ သတ်မှတ်ထားတဲ့ ဘောင်တွေအောက်မှာ ကိုယ်ဘယ်လိုကစားမလဲအပေါ် မူတည်ပါတယ် ’ လို့ တုန့်ပြန်သွားတာ ဖြစ်ပါတယ်။