အန်ဖီးကွင်းမှာ လီဗာပူးကို ၄-၁ ဖြင့် ရှုံးနိမ့်ခဲ့တဲ့နောက် သူတို့အသင်း ဦးဆောင်ဂိုး စသွင်းခဲ့မိတာဟာ အမှားကြီးတစ်ခုဖြစ်ခဲ့တယ်လို့ လူတန်နည်းပြက ဝန်ခံပါတယ်။
လူတန်ဘက်က ဦးဆောင်ဂိုး သွင်းယူခဲ့ပေမယ့် ဒုတိယပိုင်းမှာ လီဗာပူးအသင်း ခြေပဂိုးနဲ့ အနိုင်ဂိုးတွေကို ဆက်တိုက် သွင်းယူခဲ့တာပါ။
ပွဲအပြီးမှာ လူတန်တောင်းနည်းပြက “ အန်ဖီးကွင်း ဒေါသထွက်အောင် ကျနော်တို့ သွားဆွခဲ့မိတယ် မဟုတ်လား? ဒုတိယပိုင်းမှာ အန်းဖီးကွင်းဘာလဲ၊ လီဗာပူးအသင်း ဘာလဲဆိုတာကို ကျနော်တို့ မြင်ခဲရပါတယ်။
သူတို့ ပါဝါအပြည့်နဲ့ ဘောလုံးကစားခဲ့တယ်။ သူတို့ရဲ့ ကောင်တာ-ဖိအားပေးက မယုံနိုင်စရာပဲ။ ကျနော်တို့ အသက်ရှုပါကြပ်ခဲ့ရတယ်။ သူတို့ပရိသတ်တွေကလည်း အံ့မခန်းပါပဲ။
ပထမပိုင်းတုန်းကလို ဆက်ကစားဖို့ ကျနော်တို့ အာရုံစိုက်ဖို့ တကယ်ကို ခက်ခဲခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ကျနော်တို့ နာကျင်ခံစားရအောင် သူတို့ လုပ်ခဲ့ကြတာပါ ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။
ဒီနိုင်ပွဲအပြီး လီဗာပူးအသင်းဟာ မန်စီးတီးနဲ့ အာဆင်နယ်တို့ကို ရမှတ်တွေ ပိုဖြတ်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။