ဒီသီတင်းပတ်ကုန် ပရီးမီးယားလိဂ် ပွဲစဉ်တွေ အတွက် ဂန်းနားဟောင်းကြီး ပေါမာဆန်ရဲ့ သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်တွေက အောက်ပါ အတိုင်း ဖြစ်ပါတယ်။

Manchester United vs Fulham

ဖူလ်ဟမ်က အဝေးကွင်း ပွဲတွေကနေ ၇ မှတ်သာ ရယူထားနိုင်ပြီး အဝေးကွင်း ခြေစွမ်း ညံ့နေပါတယ်။ ဒီပွဲမှာ ယူနိုက်တက် နိုင်ဖို့ပဲ ကျွန်တော် မြင်တယ်။ ဒီနိုင်ပွဲကနေ top-four ပြိုင်ပွဲထဲ သူတို့ ပြန်ဝင်မှာပါ။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ Manchester United 3-0 Fulham

Arsenal vs Newcastle United

ဒီအပတ် အာဆင်နယ်ကို ရင်ဆိုင်ချိန်မှာ နယူးကာဆယ် ခံစစ်ကစားပုံနဲ့တော့ မရပါဘူး။ သူတို့ ဖျက်ဆီးခံရပါလိမ့်မယ်။ ဒီပွဲမှာ ဆာကာ ခြေစွမ်းပြနိုင်ပြီး အာဆင်နယ်အသင်း သက်သက်သာသာ နိုင်ပွဲရမယ် ထင်မိပါတယ်။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ Arsenal 3-1 Newcastle United

Bournemouth vs Manchester City

ဘုန်းမောက်တို့ နောက်ဆုံး ၄ ပွဲမှာ နိုင်ပွဲမရထားပါဘူး။ မန်စီးတီးကလည်း ပြိုင်ဘက်တွေကို ပြတ်ပြတ်သားသား မလုပ်ထားနိုင်ဘူး။ ဒီပွဲမှာတော့ လီဗာပူးကို ဖိအားပေးနိုင်ရေး စီးတီးတို့ အနိုင်ကစားမှာ ဖြစ်ပါတယ်။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ Bournemouth 1-2 Man City

အခြားပွဲစဉ်များအတွက် ပေါမာဆန်ရဲ့ ခန့်မှန်းရလဒ်များ

Crystal Palace 2-0 Burnley

Aston Villa 2-1 Nottingham Forest

Brighton & Hove Albion 3-0 Everton

Wolverhampton Wanderers 3-1 Sheffield United

West Ham United 1-2 Brentford