ဒီသီတင်းပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေ အတွက် တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်ရဲ့ သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်တွေက အောက်ပါ အတိုင်း ဖြစ်ပါတယ်။

Manchester United vs Fulham

ဖူလ်ဟမ်က ဇယားအလယ်မှာ အေးဆေးပဲ ရှိနေပါတယ်။ ယူနိုက်တက်ကတော့ စပါးနဲ့ ဗီလာတို့ကို လိုက်မှီဖို့ အမှတ်တွေ လိုနေပါတယ်။ ဒီပွဲက ယူနိုက်တက်အတွက် ပွဲကောင်းတစ်ပွဲဖြစ်ပြီး သူတို့ အနိုင်ရဖို့လိုပါတယ်။

ဘာဘာတော့ဗ် ခန့်မှန်းရလဒ်။ ။ Manchester United 2-0 Fulham

Arsenal vs Newcastle United

ဒီပွဲက သိပ်ကောင်တဲ့ပွဲဖြစ်သလို အာဆင်နယ်အတွက် ပွဲကြီး ဖြစ်လာပါလိမ့်မယ်။ သူတို့က ယုံကြည်မှုတွေ အပြည့်နဲ့ ရလဒ်ကောင်းတွေရနေတာပါ။ နယူးကာဆယ်က နိုင်ပွဲတွေ ပြန်ရလာလိုနေတယ်။ ဒါပေမယ့် ကျနော်ကတော့ အာဆင်နယ်က ပိုကောင်းတဲ့အသင်းဖြစ်လို့ သူတို့ နိုင်သွားမယ် ထင်ပါတယ်။

ဘာဘာတော့ဗ် ခန့်မှန်းရလဒ်။ ။ Arsenal 2-1 Newcastle United

Bournemouth vs Manchester City

ဘရန့်ဖိုဒ့်ပွဲတုန်းကလိုပဲ ရုန်းကန်ရသည်တိုင် နိုင်ပွဲရနေဖို့ လိုပါတယ်။ ဒီအရည်အချင်းကပဲ ရာသီကုန်ရင် တစ်ခုခုအောင်မြင်စေဖို့ ဆွဲခေါ်သွားမှာပါ။ မန်စီးတီးတို့ နိုင်ပွဲယူဖို့ လိုအပ်ပြီး မဟုတ်ရင်တော့ အာဆင်နယ်က သူတို့ကို ကျော်တက်မှာပါ။ ကျနော်ကတော့ စီးတီး အနိုင်ပါပဲ။

ဘာဘာတော့ဗ် ခန့်မှန်းရလဒ်။ ။ Bournemouth 0-1 Man City

အခြားပွဲစဉ်များအတွက် ဘာဘာတော့ဗ်ရဲ့ ခန့်မှန်းရလဒ်များ

Crystal Palace 2-0 Burnley

Aston Villa 2-1 Nottingham Forest

Brighton 3-1 Everton

Wolves 2-0 Sheffield United

West Ham United 1-1 Brentford