ယူနိုက်တက် ပိုင်ရှင်အဖွဲ့ထဲ ပါဝင်လာတဲ့ ဆာဂျင်ရက်ကလစ်ကတော့ ဒီနွေမှာ ကလပ်ရဲ့ အရည်အချင်းပိုင်း တိုးတက်လာဖို့အတွက် ကစားသမား ခေါ်ယူမှု ၃ ခု ပြုလုပ်ပေးသွားမယ်လို့ သိရပါတယ်။

ရက်ကလစ်ရဲ့ ဦးစားပေးကတော့ ကွင်းမှာ ကလပ်ရဲ့ စွမ်းဆောင်ရည်ပိုင်း မြင့်မားလာဖို့ဖြစ်ကာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးကို ကစားပြနေတဲ့ အသင်းမျိုး ဖြစ်လာဖို့ ရည်မှန်းနေပါတယ်။

နွေမှာတော့ အကြီးစား ရှင်းထုတ်မှုတွေနဲ့အတူ လက်ရှိ ကစားသမား အများအပြားကို အရောင်းစာရင်း တင်တာမျိုး ပြုလုပ်သွားဖို့လည်း ယူနိုက်တက် အကြီးအကဲတွေက ရည်မှန်းထားကြောင်း ဒေးလီးမေလ်းက ဖော်ပြပါတယ်။

ယူနိုက်တက်ရဲ့ ကစားသမား ခေါ်ယူရေး အဖွဲ့ကတော့ ဦးစားပေးတွေအဖြစ် တိုက်စစ်မှူး တစ်ဦး၊ ကွင်းလယ်လူ တစ်ဦးနဲ့ ခံစစ်မှူးသစ် တစ်ဦးတို့ကို ဒီနွေမှာ ခေါ်ယူသွားဖို့ ပြင်ဆင်ထားပါတယ်။

တိုက်စစ်အားသန်ပြီး အင်ပြည့်အားပြည့် ကစားဟန်ကို မိနစ် ၉၀ အပြည့် ကွင်းထဲမှာ စွမ်းဆောင်ပြဖို့ ရည်မှန်းနေတာနဲ့အညီ ယူနိုက်တက်ရဲ့ ခေါ်ယူမှုတွေဟာ ၂၅ နှစ်ဝန်းကျင် တိုးတက်ဖို့ အလားအလာရှိတဲ့ လူငယ်ကစားသမားမျိုး ဖြစ်လာမယ်လို့လည်း သိရပါတယ်။