ဒီသီတင်းပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေ အတွက် ဝါရင့် ဘောလုံးပွဲခန့်မှန်းသူ လော်ရိုးရဲ့ ခန့်မှန်းရလဒ်တွေက အောက်ပါ အတိုင်း ဖြစ်ပါတယ်။

Manchester United vs Fulham

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်က ဂိုးတွေသွင်းဖို့နဲ့ အခွင့်အရေး ဖန်တီးဖို့ သိပ်ကို အသုံးဝင်နေပါတယ်။ ဖူလ်ဟမ်ကတော့ နောက်ဆုံးကစားထားတဲ့ပွဲမှာ ဗီလာကို ရှုံးနိမ့်ထားခဲ့ပါတယ်။ ယူနိုက်တက်တို့ နိုင်ပွဲကောင်းရမှာပါ။

လော်ရိုး ခန့်မှန်းရလဒ်။ ။ Manchester United 3-0 Fulham

Arsenal vs Newcastle United

နယူးကာဆယ်မှာ တိုက်စစ်မှူး မရှိပါဘူး။ ကျနော်ကတော့ အာဆင်နယ်ပဲ နိုင်သွားမယ် ထင်ပါတယ်။ သူတို့က ပရီးမီးယားလိဂ်ဖလားအတွက် ဆက်လက် နိုင်ပွဲတွေ ယူမှာပါ။

လော်ရိုး ခန့်မှန်းရလဒ်။ ။ Arsenal 3-0 Newcastle United

Bournemouth vs Manchester City

မန်စီးတီးတို့ သက်သက်သာသာ အနိုင်ရသွားမယ့်ပွဲပါ။ ကြားရက်က ဘရန့်ဖိုဒ့်ကို ရင်ဆိုင်ရာမှာ စီးတီးတို့ ကံကောင်းလို့နိုင်တာလို့ ပြောကြပေမယ့် သူတို့က ကိုယ်လုပ်ရမယ့် အလုပ်ကို အကောင်းဆုံး လုပ်သွားတာပါ။ နိုင်ပွဲတွေအတွက် အမြဲတမ်းတော့ ကစားပုံ ကောင်းနေမှာ မဟုတ်ဘူးလို့ သူတို့ သက်သေပြခဲ့တာပါပဲ။

လော်ရိုးခန့်မှန်းရလဒ်။ ။ Bournemouth 0-2 Man City

အခြားပွဲစဉ်များအတွက် လော်ရိုးရဲ့ ခန့်မှန်းရလဒ်များ

Aston Villa 2-0 Nottingham Forest
Brighton 2-0 Everton
Crystal Palace 2-1 Burnley
Wolves 2-0 Sheffield United
West Ham 1-1 Brentford