မန်ချက်စတာ ယူနိုက်တက်ကတော့ မနေ့ညက အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဖူလ်ဟမ်ကို ဧည့်ခံ ကစားရင်း ရှုံးပွဲ ကြုံခဲ့ပေမယ့် နည်းပြ တန်ဟက်ကတော့ အကောင်းမြင်မှုတွေ ရှိနေဆဲပါ။
တန်ဟက်ကတော့ သူ့အသင်းဟာ ကာရိုက်တာကောင်းတွေ ပြသနိုင်ခဲ့ပြီး အမှားလေး တစ်ချက်ကြောင့်သာ ရှုံးသွားရတာ လို့ မချင့်မရဲ ဆိုခဲ့ပါတယ်။
” ဖူလ်ဟမ်ကို ပေးလိုက်ရတဲ့ အနိုင်ဂိုးမှာ ကျွန်တော်တို့က ဖိအားဝင်နေခဲ့တယ်။ ကစားသမား တစ်ယောက် နေရာယူတာ မှားနေတယ်။ အသင်းတစ်သင်း အနေနဲ့ လူတိုင်း နေရာမှန်မှာ ရှိနေအောင် လုပ်ရမှာပါ။ ကျွန်တော်တို့က သူတို့ကို လှုပ်ရှားခွင့်ပေးခဲ့မိတာ မှားသွားတယ်။
အသင်းက ဒီနေ့ စရိုက်လက္ခဏာကောင်း ပုံရိပ်ကောင်းတွေ ပြသနိုင်ခဲ့တယ်၊ ပြန်ဖိုက်နိုင်ခဲ့တယ်။ ချေပဂိုး ရဖို့ ထိုက်တန်ခဲ့သလို အနိုင်ရဖို့ အတွက်လည်း တိုက်ပွဲဝင်ခဲ့တယ်။ အသင်းက တကယ့်ကို ကိုယ်ရည်ကိုယ်သွေးကောင်း စိတ်ဓာတ်ကောင်းတွေ ပြသခဲ့တာပါ။
အဲဒီ အမှားလေး တစ်ချက်ကြောင့်ပဲ ပေးဆပ်လိုက်ရတာ။ အဲဒီဂိုး မပေးရခင်ထိ ကျွန်တော်တို့က နိုင်ပွဲရဖို့ ဦးတည် ကစားနေခဲ့တယ်။ အခွင့်အရေးတွေကို အသုံးချနိုင်ခဲ့သင့်တာ။ ” လို့ တန်ဟက်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ဖူလ်ဟမ်ရဲ့ ဒုတိယဂိုးမှာ ဆိုးဝါးလွန်းတဲ့ ခံစစ်နဲ့ ကာကွယ်ခဲ့တာ ဖြစ်ပါတယ်။ ထိုသို့ ဂိုးမပေးလိုက်ရခင်မှာ ယူနိုက်တက်ဘက်ကလည်း ဂိုး အခွင့်အရေးကောင်းတွေ ရခဲ့ပေမယ့် အဆုံးသတ် အသုံးမချနိုင်ခဲ့တာကြောင့် အရှုံးနဲ့ အဆုံးသတ်ခဲ့ရတာပါ။
ဒီရှုံးပွဲကြောင့် ယူနိုက်တက်ရဲ့ ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက်က ထိခိုက်သွားရပြီလည်း ဖြစ်ပါတယ်။