အိုးထရတ်ဖိုဒ့်မှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ စိတ်ပျက်ဖွယ် ရှုံးပွဲကို မြင်ခဲ့ရတဲ့နောက် ဒီအသင်းဟာ ပရီးမီးယားလိဂ်ဖလား အောင်မြင်ဖို့ နီးတောင်မနီးစပ်ဘူးလို့ အာဆင်နယ်ကစားသမားဟောင်း ပေါမာဆန်က ဝေဖန်လိုက်ပါတယ်။
“ ယူနိုက်တက်က မန်စီးတီးနဲ့ အရမ်းကို အဆင့်ကွာခြားနေပါတယ်။ အခုမြင်နေရတဲ့ ယူနိုက်တက်ဟာဆိုရင် လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းက အင်္ဂလန်အသင်းလိုပါပဲ။
အရင် ၁၀ နှစ်လောက် တုန်းကလည်း အင်္ဂလန်အသင်းဟာ ကျနော်တို့ တစ်သက်မှာ ဖလားရပါဦးမလားလို့ ပြောခဲ့ရတာပဲလေ။
လာမယ့် ၅ နှစ်အတွင်း ယူနိုက်တက်တို့ ပရီးမီးယားလိဂ်ဖလား အနိုင်ရမယ်ဆိုရင် အဲ့လိုလုပ်ပေးနိုင်တဲ့ ဘယ်မန်နေဂျာကိုမဆို သူရဲကောင်းဘွဲ့တာ ပေးလိုက်ကြပါ။ ယူနိုက်တက်တို့ ပရီးမီးယားလိဂ်ဖလားကို အချိန်တိုအတွင်း ရမယ် မမြင်ပါဘူး ” လို့ ပေါမာဆန်က ဝေဖန်သွားပါတယ်။
မန်ချက်စတာ ယူနိုက်တက်ရဲ့ ရှယ်ယာရှင်သစ်ဖြစ်တဲ့ ဆာဂျင်ရက်ကလစ်ကတော့ လာမယ့် ၃ နှစ်အတွင်း အဓိက ဆုဖလားကြီးတွေကို စိန်ခေါ်နိုင်စေရမယ်လို့ ကြွေးကြော်ထားပါတယ်။ ဒါပေမယ့် နည်းပြတန်ဟက်နဲ့တော့ ဖြစ်လာနိုင်ဖို့ ခက်ခဲမှာပဲ ဖြစ်ပါတယ်။