ဝုဗ်အသင်းမှ အသက် ၂၃ နှစ်အရွယ် တိုက်စစ်သမား နက်တိုဟာ ဒီနွေမှာ အင်္ဂလန် ထိပ်သီးတစ်သင်းသင်းထံ ပြောင်းနိုင်ကြောင်း သတင်းကြီးတွေ ထွက်နေပါတယ်။

ပေါ်တူဂီသားရဲ့ အပြောင်းအရွှေ့အတွက် David Ornstein က ပြောပြရာမှာ ” မေးခွန်းကောင်းပါ။ နက်တိုက ကောင်းမွန်တဲ့ ဘောလုံးရာသီ ပိုင်ဆိုင်ထားသလို လာမယ့် အပြောင်းအရွှေ့ စျေးကွက်မှာ စောင့်ကြည့်ရမယ့်သူ ဖြစ်ပါတယ်။

ပထမဆုံး ပြောချင်တဲ့ အချက်ကတော့ သူ ဝုဗ်ကနေ သေချာပေါက် ထွက်မယ်လို့ အာမခံချက် မရှိပါဘူး။ သူက ဝုဗ်အသင်းနဲ့ ၂၀၂၇ ခုနှစ်ထိ စာချုပ်ရှိထားသူပါ။

ကစားသမားရဲ့ ကြံ့ခိုင်မှုဆိုင်ရာ မှတ်တမ်းနဲ့ ပတ်သက်လို့ ထောက်ပြခံရမှုတွေ ရှိပေမယ့် အာဆင်နယ်၊ လီဗာပူး၊ မန်စီးတီးနဲ့ ယူနိုက်တက်တို့ဟာ ပေါ်တူဂီ လက်ရွေးစင်ကို ခေါ်ယူဖို့ရာ အထင်ကြီးကြပါတယ်။

ဝုဗ်ကတော့ နက်တိုအတွက် ပြောင်းရွှေ့ကြေးအဖြစ် ပေါင် သန်း ၈၀ ရလိုပါတယ်။ ကလပ်တွေအတွက် ဒါကပဲ အတားအဆီးဖြစ်ပါလိမ့်မယ်။ ” လို့ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ နက်တိုကို အထင်ကြီးတာကြောင့် ကင်းထောက် စောင့်ကြည့်နေတာ အချိန်တစ်ခု ရှိခဲ့ပါပြီ။ ကစားသမားရဲ့ ဒဏ်ရာ မှတ်တမ်းကြောင့် သတိထားနေခြင်းသလို ဝုဗ်တောင်းတဲ့ ပြောင်းရွှေ့ကြေးကို သဘောကျဖွယ် မရှိပါဘူး။