အေဒရီရန် ရာဘီရော့က နွေအပြောင်းအရွှေ့ မှာ မန်ချက်စတာ ယူနိုက်တက် နဲ့ သတင်းတွေ ထွက်နေတဲ့ကြားက သူ့အနာဂတ်နဲ့ ပတ်သက်ပြီး မကြာခင် ကြေညာမယ်လို့ ပြောဆိုလိုက်ပါတယ်။

သူနဲ့ ပီအက်စ်ဂျီ ရဲ့ စာချုပ်က ကုန်ဆုံးတော့မှာ ဖြစ်သလို ဒီနွေမှာ အသင်းကနေ ထွက်ခွာဖို့ ဖြစ်နိုင်ခြေနဲ့ ပတ်သက်ပြီး မန်ယူဘက်က သူ့ကို စောင့်ကြည့်နေခဲ့တာပါ။ အတည်ပြု ကမ်းလှမ်းမှုဆိုင်ရာ သတင်းတွေကို မသိရပေမယ့် ကမ်းလှမ်းဖို့ ပြင်ဆင်နေတာကိုတော့ အတည်ပြုနိုင်ပါတယ်။

ရာဘီရော့ရဲ့ မိခင်ဖြစ်သူကလဲ စီးရီးအေထံ ပြောင်းရွှေ့ဖို့ကို ငြင်းပယ်ခဲ့ပြီးနောက် နွေအပြောင်းအရွှေ့မှာ သူ့သားထံ ချဉ်းကပ်ဖို့ ပရီးမီးယားလိဂ် ကလပ်တွေကို တွန်းအားပေးခဲ့တာပါ။ သူ့ကို ခေါ်ယူဖို့ ဂျူဗင်တပ်က အတော်လေး ကြိုးစားနေတာဖြစ်တယ်။

အသက် ၂၄နှစ်အရွယ် ကစားသမားကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရရှိဖို့ ဂျူဗင်တပ်ကလဲ စိတ်ဝင်စားနေပြီး ကစားသမား ကိုယ်တိုင်က အပြောင်းအရွှေ့ အတွက် စီးရီးအေ ချန်ပီယံတွေနဲ့ စကားပြောခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။

ဒါပေမယ့်လဲ ရာဘီရော့က ဒီနွေရာသီမှာ အိုးလ်ထရက်ဖို့ဒ်ထံ ပြောင်းရွှေ့မလားဆိုတဲ့ မေးခွန်းကို တိတိကျကျ အဖြေပေးဖို့ ငြင်းပယ်ခဲ့ပြီး သူ့အနာဂတ်နဲ့ ပတ်သက်ပြီး မကြာခင်မှာ ဆုံးဖြတ်ချက် ချသွားမယ်လို့ အရိပ်အခြည် ပြခဲ့ပါတယ်။

“ကျနော် ဂျူဗင်တပ် နဲ့ အပြောင်းအရွှေ့ကိစ္စ စကားပြောခဲ့တယ်။ အဲ့ဒါက လူတိုင်း ကစားလိုတဲ့ နေရာပဲလေ။ ကျနော် အီတလီကို အရမ်း သဘောကျပါတယ်။ ဂျူဗင်တပ်က ကျနော့်ကို စောင့်ကြည့်ခဲ့ပြီး ပြောင်းရွှေ့ဖို့နဲ့ ပတ်သက်ပြီး ကျနော်တို့ စကားပြောခဲ့ကြတယ်။ ဒါပေမယ့် ကျနော် ဘာမှ မပြောပြနိုင်ပါဘူး။ ”

“မန်ချက်စတာ ယူနိုက်တက် လား? မနှစ်က လိုပါပဲ။ ကျနော် ဆုံးဖြတ်ချက် ချရမှာပါ။ အခုက ကျနော့် အားလပ်ရက်လေ။ မကြာခင်မှာ ခင်ဗျားတို့ သိရတော့မှာပါ။ ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ရာဘီရော့က နောက်ထပ် ကမ်းလှမ်းလာမယ့် အသင်းတွေကို စောင့်ဦးမယ့် အနေအထားဖြစ်ပြီး မန်ယူဘက်က ဘာဆက်လုပ်မလဲ မသိရသေးပါဘူး။