မန်ချက်စတာယူနိုက်တက်

ယူနိုက်တက် ခံစစ် ကပ်ဆိုက်မှုမှာ ပိုဆိုးသွားတဲ့ အခြေအနေအဖြစ် စမောလင်းနဲ့ အဲရစ် ဘိုင်လီတို့ပါ ဒဏ်ရာရ စာရင်းမှာ ပါဝင်သွားပါတယ်။ ဆောက်သမ်တန်နဲ့ပွဲမှာ ၄င်းတို့ နှစ်ဦးလုံး မပါဝင်နိုင်ခဲ့ပါဘူး။ ဘိုင်လီက နောက်ကျောမှာ နာကျင်မှု ရှိနေပြီး စမောလင်းက ခြေဖ၀ါး ဒဏ်ရာ ရှိနေလို့ ဖြစ်ကြောင်း ဆောက်သမ်တန်နဲ့ပွဲမတိုင်ခင်မှာ မော်ရင်ညိုက ပြောကြားခဲ့ပါတယ်။

မန်ယူအသင်းဟာ ပြီးခဲ့တဲ့ဇန်နဝါရီလကတည်းက ဒဏ်ရာရရှိနေတဲ့ စမောလင်း၊ အဲရစ်ဘိုင်လီ၊ လင်ဒီလော့ဖ်တို့ရဲ့နေရာမှာ အစားထိုးဖို့အတွက် နောက်ခံကစားသမားအများအပြားကို ကမ်းလှမ်းခဲ့တဲ့အသင်းဖြစ်ပါတယ်။ အီတလီသတင်းစာရဲ့ သတင်းမှာ မန်ယူအသင်းဟာ ဆီနီဂေါ နောက်ခံကစားသမား ကူလီဘလီကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို ၁၀၃ သန်းနဲ့ ခေါ်ယူမယ်လို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းနဲ့စာချုပ်သစ် ချုပ်ဆိုဖို့ မရေမရာဖြစ်နေတဲ့ ဒေးဗစ်ဒီဂီယာရဲ့နေရာမှာ အစားထိုးဖို့အတွက် အဲဗာတန်အသင်းရဲ့ဂိုးသမား ဂျော်ဒန်ပစ်ဖို့ဒ်ကို ခေါ်ယူလိုနေတယ်လို့ သိရပါတယ်။ Sunday Express ရဲ့သတင်းအရ မန်ယူအသင်းဟာ ဒီဂီယာအသင်းကနေ ထွက်ခွာခဲ့မယ်ဆိုရင် ပစ်ဖို့ဒ်ကို ခေါ်ယူဖို့အတွက် ပေါင်သန်း ၇၀ ထက်ပိုပြီး ပေးချေဖို့အဆင်သင့်ရှိနေတယ်လို့ သိရပါတယ်။

မန်စီးတီး

ဘုန်းမောက်နဲ့ပွဲမှာ မန်စီးတီး တိုက်စစ်သမား အဂွယ်ရို မပါဝင်ခဲ့ပါဘူး။ ကလပ်အသင်းအတွက် ပုံစံကောင်းတွေ ပြသနေတဲ့ အဂွယ်ရိုဟာ ချန်ပီယံလိဂ်မှာလည်း နောက်ကျ ခြေပဂိုး သွင်းယူပေးခဲ့သူပါ။ ဒါပေမယ့်လို့ ကြွက်သား ဒဏ်ရာကြောင့် ပရီးမီးယားလိဂ်ပွဲကို လွဲချော်ခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာက ဘယ်လောက်ကြာကြာ အနားယူရမယ်ဆိုတာ မသိရသေးပါဘူး။

စတာလင်ဟာ ပရီးမီးယားလိဂ်ပြိုင်ဘက် ဘုန်းမောက်အသင်းကို ရင်ဆိုင်ကစားထားတဲ့ 6 ကြိမ်မှာ သွင်းဂိုး 8 ဂိုးထိ ရယူးထားပါတယ်။ သူဟာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ပထမဆုံး 6 ကြိမ်ရင်ဆိုင်ဖူးတဲ့ ပြိုင်ဘက်အသင်း တစ်သင်းကို 6 ကြိမ်လုံး ဂိုးသွင်းယူနိုင်တဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။

မန်စီးတီးတိုက်စစ်သမား စတာလင်က မန်ချက်စတာဒါဘီမှာ ပြိုင်ဘက်ကစားသမားဖြစ်သူ မာတာက သူ့ကို ပြောဆိုခဲ့တာက လေးစားမှုထားဖို့ ဖြစ်ကြောင်း ထုတ်ပြောခဲ့ပါတယ်။ ဒါဘီပွဲမှာ မန်စီးတီးက အနိုင်ရနေခဲ့ပြီး စတာလင်က ထောင့်ကန်ဘောနားမှာ အချိန်ဆွဲဖို့ ကြိုးစားခဲ့တာပါ။ စတာလင်ကတော့ သူ အချိန်ဆွဲဖို့ ကြိုးစားနေခဲ့တာကို ဝန်ခံခဲ့ပေမယ့် ဒါကလည်း အသင်းအတွက် ကြိုးစားခဲ့ခြင်းပါလို့ ဖြေရှင်းချက် ပေးပါတယ်။

ချယ်ဆီး

ချယ်ဆီးအသင်းဟာ ပေါ်တိုအသင်းရဲ့နောက်ခံကစားသမား အီဒါမီလီတာအိုကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားလာတဲ့ နောက်ဆုံးအသင်းဖြစ်လာခဲ့ပြီလို့ Daily Mail က ရေးသားထာ့းပါတယ်။ မီလီတာအိုဟာ ဆော်ပေါ်လိုအသင်းကနေ ပြီးခဲ့တဲ့ ၆ လကမှ ပေါ်တိုအသင်းကို ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး အထင်ကြီးလေးစားဖွယ်ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် ဥရောပအသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့သူဖြစ်ပါတယ်။ မန်ယူ၊ အဲဗာတန်၊ ဂျူဗင်တပ်အသင်းတို့အားလုံးကလည်း အသက် ၂၀ အရွယ်သာရှိသေးတဲ့ အီဒါမီလီတာအိုကို စိတ်ဝင်စားနေပြီး မန်စီးတီးအသင်းက မီလီတာအိုကို အရခေါ်ယူနိုင်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

ချယ်ဆီး ခံစစ်မှူး ရူဒီဂါက အသင်းအနေနဲ့ စပါးကို ရှုံးတဲ့ပွဲကို မေ့ဖျောက်ပြီး ပြန်လာနိုင်ဖို့ သတိပေးစကားဆိုလိုက်ပါတယ်။ “ကျနော်တို့ ရှုံးခဲ့တာက သိပ်ကို သိပ်ကို စိတ်ပျက်ရပါတယ်။ ဒါပေမယ့် အဲဒါက ကမ္ဘာကြီးပျက်သွားတာ မဟုတ်ပါဘူး.. ကျနော်တို့ အနေနဲ့ ရှေ့ကို ဆက်လျှောက်ပြီး အကောင်းဆုံး လုပ်နိုင်တာ ဆက်လုပ်သွားဖို့ လိုပါတယ်။ ဖူလ်ဟမ်နဲ့ကလည်း မြို့ခံပြိုင်ဘက်ချင်းပါ.. ပရိသတ်တွေအတွက်ကော ကျနော့်အတွက်ပါ အရေးကြီးပါတယ်။ ပွဲတိုင်းကို ကျနော် အလေးအနက်ထားပြီး နိုင်အောင် ကြိုးစားပါတယ် ဒီလိုပွဲမျိုးဆို ပို ကြိုးစားဦးမှာပါ။” လို့ ဖူလ်ဟမ်နဲ့ပွဲ မတိုင်ခင် ပြောကြားလိုက်ပါတယ်။

ပရီးမီးယားလိဂ် ကစားသမားဟောင်းကြီး Le Tissier က ချယ်ဆီးမှာ ကန်တေ ကြုံနေရတဲ့ အနေအထားကို စိတ်မကောင်းဖြစ်မိကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ ‘ ကျနော် သူ့အတွက် တကယ် စိတ်မကောင်း ဖြစ်တာပါ။ သူက သူကစားနေကျနေရာမှာဆို ကမ္ဘာပေါ်မှာ အကောင်းဆုံးထဲက တစ်ယောက်အနေနဲ့ ပါဝင်ပါတယ်။ ဒါပေမယ့် နည်းပြက အဲဒီနေရာနဲ့ မသင့်တော်ဘူး ဆုံးဖြတ်တာတော့ ကံမကောင်းတာပါပဲ” လို့ ပြောကြားလိုက်ပါတယ်။

အာဆင်နယ်

အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ကြယ်ပွင့် အာရွန်ရမ်ဆေးကို လာမယ့်ဇန်နဝါရီလမှာ ရီးရဲမက်ဒရစ်အသင်းက ခေါ်ယူဖို့ စောင့်ကြည့်နေတယ်လို့ Mirror က ဖော်ပြခဲ့ပါတယ်။ ရမ်ဆေးဟာ ယခုရာသီကုန်မှာ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ကစားသမားဖြစ်ပြီး လာမယ့်လမှာ နိုင်ငံခြားကလပ်အသင်းတွေနဲ့ အကြိုစာချုပ်ချုပ်ဆိုခွင့်ရရှိမှာဖြစ်ပါတယ်။ လာမယ့်နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ရရှိမယ့် ရမ်ဆေးကို ဘိုင်ယန်နဲ့ ဂျူဗင်တပ်အသင်းတို့ကလည်း ယခင်က ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ဖူးပါတယ်။

အာဆင်နယ် စပါး လန်ဒန်ဒါဘီပွဲ မတိုင်ခင်မှာ စပါးနည်းပြဟောင်း တင်ရှီးယားဝုဒ်က ၂၀၁၁ ၀န်းကျင်က အူဘာမီယန်းကို စပါးဆီ ခေါ်ယူဖို့ ကြိုးစားခဲ့ဖူးကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ထိုစဉ်က St Etienne မှာ အငှားကစားနေတဲ့ အူဘာဟာ ထိုကလပ်မှာအပဲ အပြီးသတ် ဆက်ကစားဖြစ်သွားခဲ့ပြီးနောက်မှ ဒေါ့မွန်အသင်းဆီ ရောက်ရှိသွားခဲ့တာပါ။ အူဘာမီယန်းက ဂန်းနားတွေအတွက် ၂၆ ပွဲ ကစားထားရာမှာ ၁၈ ဂိုးထိ ခြေစွမ်းပြ ဂိုးသွင်းထားပါတယ်။

အာဆင်နယ်နည်းပြ အမ်မရီက အာဆင်ဝင်းဂါး အသင်းကနေ မရှိတော့တဲ့နောက် ပထမဆုံး မြောက်လန်ဒန် ဒါဘီ နိုင်ပွဲ ရယူဖို့ စိတ်အား ထက်သန်နေပါတယ်။ အမ်မရီက သမိုင်းသစ် နိုင်ပွဲ မှတ်တမ်း ရေးထိုးလိုနေကြောင်းကို – “ကစားရတဲ့ ပွဲတိုင်းက ခြားနားပါတယ်.. ဒီ ဒါဘီပွဲလိုလဲ အပါအ၀င်ပေါ့။ ကျနော်တို့က သမိုင်းသစ်ကို ဖန်တီးချင်နေကြတာပါ..” လို့ အမ်မရီက ဆိုပါတယ်။

လီဗာပူး

လီဗာပူးလူငယ်အသင်းမှာ ဒီရာသီ ခြေအစွာဆုံး တိုက်စစ်ကစားသမားဖြစ်တဲ့ Bobby Duncan ဟာ စနေနေ့က ယှဉ်ပြိုင်ကစားတဲ့ လီဗာပူးက မက်ဒယ်ဘရော့ကို 6-5 နဲ့ အနိုင်ရတဲ့ပွဲမှာ အထူးခြေစွမ်းပြခဲ့ပါတယ်။ သူဟာ ကိုယ်တိုင် 4 ဂိုး သွင်းခဲ့ပြီး အသင်းဖော်တွေ ဂိုးရအောင် နှစ်ကြိမ် ထောက်ပံ့မှု ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

မာဆေးဆိုဒ်သတင်းတွေမှာတော့ လီဗာပူးဟာ ဒါဘီပွဲမှာ 4-2-3-1 ကစားကွက်ကို ထုတ်သုံးမယ်လို့ ဖော်ပြနေပါတယ်။ ၄င်းဖော်ပြမှုမှာ ပါဝင်တဲ့ ကစားသမား 11 ဦးစာရင်းကတော့ Alisson; Alexander-Arnold, Van Dijk, Gomez, Robertson; Wijnaldum, Keita; Shaqiri, Firmino, Mané; Salah တို့ဖြစ်ပါတယ်။

လီဗာပူးတိုက်စစ်သမား ဆာလက်က ဒီရာသီ သူကိုယ်တိုင်အတွက်နဲ့ အသင်းဖော်တွေအတွက် အဓိက ဦးတည်ချက်မှာ ဆုဖလားတွေ အနိုင်ရဖို့ဖြစ်တယ်လို့ ထုတ်ပြောလာပါတယ်။ ဒါ့အပြင် မနှစ်တုန်းက ပြိုင်ပွဲစုံ 52 ပွဲ ကစားပြီး 44 ဂိုး သွင်းယူထားတဲ့ စံချိန်ကိုလည်း ဒီရာသီမှာ ထပ်မံချိုးဖျက်ဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်လို့ ပြောဆိုပါတယ်။

စပါး

စပါးအသင်း မန်နေဂျာ ပိုချက်တီနိုကတော့ ၄င်းအသင်းရဲ့ စိတ်ဓာတ်ပိုင်း ကြံ့ခိုင်မှုက ၈ နှစ်ကြာ အမ်းမရီတ်မှာ အနိုင်မရနိုင်တ်ဲ့ ကျိန်စာကို ချိုးဖျက်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ တော့တင်ဟမ်ဟာ အမ်းမရိတ်မှာ ၂၀၁၀ နောက်ပိုင်း နိုင်ပွဲ မရသေးပေမယ့် ပိုချက်တီနိုက ဒီတလော ချယ်ဆီးနဲ့ အင်တာမီလန်အသင်းတွေ အပါအ၀င် အနိုင်ယူပြီး ၆ပွဲဆက် နိုင်ပွဲဆက်နေတဲ့ စိတ်ဓာတ် တက်ကြွမှုက အဆိုပါ အစဉ်အလာ အတားအဆီးတွေကို ကျော်လွှားနိုင်လိမ့်မယ်လို့ ယူဆထားပါတယ်။

စပါးကွင်းလယ်ကစားသမားဟောင်း Micky Hazard က ခံစစ်မှူး အန်ဒါဝီရယ်အနေနဲ့ စပါးကနေ မန်ချက်စတာ ယူနိုက်တက်ကို ပြောင်းရင် ရူးမိုက်ရာ ကျလိမ့်မယ်လို့ သတိပေး စကားဆိုလိုက်ပါတယ်။ ယူနိုက်တက် မန်နေဂျာ မော်ရင်ညို ရဲ့ ကာလရှည်ပစ်မှတ် ဖြစ်တဲ့ အန်ဒါဝီရယ်က လာမယ့်နွေမှာ စပါးနဲ့ စာချုပ်ကုန်ဆုံးမှာ ဖြစ်ပြီး အသင်းဘက်ကတော့ ၂၀၂၀ ထိ တစ်နှစ် ထပ်တိုးခွင့် ရှိထားပါတယ်။

စပါးအသင်းရဲ့ အားထားရတဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းဟာ အာဆင်နယ်နဲ့ နောက်ဆုံး တွေ့ဆုံခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲ ၇ပွဲမှာ ၆ပွဲ ဂိုး သွင်းနိုင် ထားပြီး အဆိုပါ ၇ပွဲမှာ ၇ဂိုး သွင်းယူထားပါတယ်။

အခြား

ရီးရဲမက်ဒရစ်အသင်းဟာ ရေးဗားပလိတ်အသင်းရဲ့ ကစားသမား ၂ ဦးကို ခေါ်ယူဖို့ ပြင်ဆင်နေပြီလို့ Don Balon က ဖော်ပြခဲ့ပါတယ်။ ရီးရဲမက်ဒရစ်အသင်းဟာ အိတ်ဇ်ကွီရယ်ပလာစီအိုနဲ့ ဂျူအန်ကွင်တယ်ရိုတို့ကို စုစုပေါင်းကုန်ကျစရိတ် မမြင့်တက်စေဘဲ ခေါ်ယူနိုင်ဖို့အတွက် ဆွေးနွေးညှိနှိုင်းမှုတွေ စတင်ပြုလုပ်နေပြီလို့ သိရပါတယ်။

ဂျူဗင်တပ်စ်အသင်းနည်းပြ အယ်လီဂရီက မနေ့ညက ကစားခဲ့တဲ့ ဖီအိုရင်တီးနားအသင်းနဲ့ ပွဲအပြီးမှာ အသင်းက ချန်ပီယံအသင်းတစ်သင်းရဲ့ စိတ်ဓာတ်နဲ့ ပုံစံကို ပြသခဲ့တယ်လို့ ချီးကျူးပြောကြားသွားခဲ့ပါတယ်။ ဒီပွဲမှာ ဂျူဗင်တပ်စ်အသင်းဟာ ဘန်တန်ကူ ချီလီနီ စီရော်နယ်ဒိုတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ အဝေးကွင်းမှာ သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပြီး ပြိုင်ပွဲစုံ လေးပွဲဆက်တိုက် အနိုင်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။