တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ကစားမယ့် မန်စီးတီး vs အာဆင်နယ်ပွဲကို လွဲသွားမယ့် မန်စီးတီး ကစားသမားက ၅ ဦးထိ ရှိနေပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ အဲဗာတန် နောက်ခံလူ ဂျာရတ် ဘရတ်ဝိတ်သ်ကို ခေါ်ယူနိုင်ဖို့ အခြေအနေ ကောင်းနေပါတယ်။ ယူနိုက်တက်ဟာ အင်္ဂလန်သားကို ပေါင် ၄၅ သန်း လောက်နဲ့ ခေါ်ယူနိုင်မယ် လို့ talkSPORT က သုံးသပ်ထားပါတယ်။

လီဗာပူးအသင်းက အာမိုရင်းကို ခေါ်ယူလိုရင် ကမ္ဘာ့စံချိန်တင်ကြေး ပေါင် ၂၅ သန်း ဝန်းကျင် ပေးရမယ်လို့ သိရပါတယ်။

ရီးရဲလ်မက်ဒရစ်ဘက်က ထရန့်ကို စိတ်ဝင်စားမှုဟာ သာမာန် သတင်းလောက် မဟုတ်ဘဲ အလေးအနက် စောင့်ကြည့်နေမှု ဖြစ်လာနေပါတယ်။

လူးဝစ် ဒီယက်ဇ်ရဲ့ ဖခင်ကတော့ သူ့ရဲ့ သားအပေါ် စပိန်ကလပ်တွေဘက်က စိတ်ဝင်စားမှု အမြဲရှိနေပေမယ့် လက်တလောဖြစ်လာမယ့် ကိစ္စလို့ သူကတော့ မမြင်ပါဘူး။

ဘာစီလိုနာ အသင်းဟာ ဘဏ္ဍာရေး အကြပ်အတည်းတွေ ရှိနေပေမယ့် မန်စီးတီး တိုက်စစ်မှုး အာလင်း ဟာလန်းကို ၂၀၂၆ မှာ ခေါ်ယူဖို့ ပလန်ထားကြောင်း စပိန်သတင်းတွေက ဖော်ထုတ်လာပါတယ်။

ပြင်သစ်အသင်းမှာ ဆာလီဘာကို နေရာမပေးခြင်းအတွက် နည်းပြဒပ်ချမ့်ကို ဝေဖန်မှုတွေ ရှိလာနေပါတယ်။

ဘောလုံး သုံးသပ်ဆရာကြီး ရစ်ချက်ကီးစ်က ယူနိုက်တက် နည်းပြ နေရာအတွက် ဆောက်ဂိတ်ကို မစဉ်းစားဘဲ ဒပ်ချမ့်၊ ဇီဒန်း၊ ဇာဗီ အလွန်ဆို တို့ကို ရွေးချယ်တာကမှ ပိုကောင်းတဲ့ လမ်းကြောင်း ဖြစ်မယ် လို့ သုံးသပ် ထောက်ပြသွားပါတယ်။