မန်ချက်စတာ အခြေစိုက် MEN သတင်းဌာနက နယူးကာဆယ် ကွင်းလယ်လူ လောင်းစတပ်ကို ခေါ်ယူလိုသလားဆိုတဲ့ အမေးကို ပြုလုပ်ခဲ့ပြီး ပရိသတ် အများအပြားကတော့ မလိုချင်ဘူးလို့ မဲပေးကြပါတယ်။

ပေါ်တူဂီကွင်းလယ်လူ ဖာနန်ဒက်ကို မန်ယူဘက်က ကနဦး ပြောင်းရွှေ့ကြေး ယူရို သန်း ၆၀ နဲ့ ညိနှိုင်းထားပြီး စွမ်းဆောင်ရည်အလိုက် ယူရို ၇၅ သန်းထိ ရောက်နိုင်တဲ့ ကမ်းလှမ်းမှုဖြစ်တယ်လို့ သတင်းထွက်နေပါတယ်။ အင်္ဂလန်သတင်းဌာနကြီးတွေကတော့ အတည်ပြုမလာသေးပါဘူး။

မန်ယူဟာ ကလပ်အသင်း လူငယ်ကစားသမားတွေဖြစ်တဲ့ တွမ်ဇမ်ဘီ၊ တာဟစ်ချေင်၊ မေဆန်ဂရင်းဝုဒ် အပါအဝင် လူငယ်ကစားသမား အများအပြားကို လာမယ့်ရာသီ အငှားချဖို့ စီစဉ်လာပါတယ်။

ပီအက်ဂျီအသင်း အားကစားဒါရိုက်တာ Antero Henrique ဟာ ပဲရစ်အခြေစိုက် ကလပ်ကနေ ထွက်ခွာခဲ့ပါပြီ။ ဒါကြောင့် ဒီဂီယာကို ခေါ်ယူလိုနေတဲ့ ပြင်သစ်ကလပ်ဘက်က ကြိုးစားမှုကို ထိခိုက်မှုရှိလာပြီး ဒီဂီယာကို မန်ယူမှာပဲ ဆက်ရှိစေဖို့ ပိုအားကောင်းတဲ့ အားသာချက်တစ်ခု ဖြစ်လာစေနိုင်ပါတယ်။

မန်ယူဘက်က အလွတ်နဲ့ ထွက်ခွာခွင့် ပြုထားတဲ့ ခံစစ်သမား ပိုလီဟာ MK Dons အသင်းနဲ့ ပူးပေါင်းခဲ့ပြီ ဖြစ်ပါတယ်။

အင်္ဂလန် ယူ-၂၁ အသင်းမှာ ရွေးချယ်ခံထားရတဲ့ မန်ယူဂိုးသမား ဟန်ဒါဆန်ဟာ ဒီနွေမှာ ယှဉ်ပြိုင်ရမယ့် ယူရိုပွဲအတွက် အီတလီကို ထွက်ခွာသွားပါပြီ။

မန်ယူနဲ့ လီဗာပူးတို့ဟာ လာမယ့်ရာသီ ယူ-၂၁ အသင်းသားတွေ အဓိက ပါဝင်ယှဉ်ပြိုင်ကြတဲ့ ယူ-၂၁ EFL ဆုဖလားကို ပါဝင်ယှဉ်ပြိုင်ဖို့ အတည်ပြုခဲ့ပါပြီ။ လူငယ်ခြံပေါက် ကစားသမားတွေကို ပွဲထွက်ခွင့် ပိုပေးနိုင်ဖို့ ပွဲစဉ်တစ်ခု ထပ်တိုးလာခြင်းဖြစ်ပါတယ်။

ပြင်သစ်ကလပ် လိုင်ယွန်အသင်းကွင်းလယ်လူ အန်ဒွမ်ဘီလီအတွက် စပါးအသင်းက မြင့်မားတဲ့ ပြောင်းရွှေ့ကြေးဖြင့် ကမ်းလှမ်းမှု စခဲ့ပြီဖြစ်လို့ မန်ယူဘက်က ခေါ်ယူလိုရင် ပေါင် သန်း ၆၀ အောက်မှာ ရှိနေတော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။

မန်နေဂျာဟောင်း မော်ရင်ညို ခေါ်ယူခဲ့ပြီး ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့ ဘရာဇီး ကွင်းလယ်လူ ဖရက်ကို ခေါ်ယူဖို့ ရိုးမားအသင်းက စိတ်ဝင်စားလာပါတယ်။ ရိုးမား မန်နေဂျာသစ် Paulo Fonseca ဟာ ရှက်တာဒိုးနပ်မှာ ဖရက်နဲ့ လက်တွဲခဲ့ဖူးပါတယ်။