အိုလီဂန်နာဆိုးရှားဟာ ပုံမှန်ခြေစွမ်းအောက် ရောက်နေတဲ့ အသင်းကို ပြုပြင်ဖို့နဲ့ ပြန်လည်တောက်ပလာနိုင်ဖို့ ဒီနွေရာသီမှာ ငွေပမာဏ များစွာ သုံးစွဲဖို့ ရှိနေပါတယ်။

ဒန်နီရယ် ဂျိမ်းစ်ကို ခေါ်ယူခဲ့ပြီး ဖြစ်ပေမယ့် အခြားသော နေရာတွေကိုလည်း ချိတ်ဆက်နေပေမယ့် ခေါ်ယူမှု မအောင်မြင်သေးပါဘူး။ မန်ယူဘက်က ချိတ်ဆက်နေပြီး ဆက်လက် ချိတ်ဆက်မှုတွေ ရှိနေတဲ့ ကစားသမားများစာရင်းက အောက်ဖော်ပြပါအတိုင်း ဖြစ်ပါတယ်။

ဝမ်ဘစ်ဆာကာ ၊ ညာနောက်ခံလူ

မနှစ်က သူ့ရဲ့ စွမ်းဆောင်ရည် တွေကြောင့် တန်ကြေးက မြင့်မားလာပြီး မန်ယူအနေနဲ သူ့ကို ခေါ်ဖို့ ပေါင်သန်း ၅၀ ဝန်းကျင် အနည်းဆုံး သုံးရပါလိမ့်မယ်။ ဆိုးရှားက သူ့ကို အလိုရှိကြောင်း ဖွင့်ဟခဲ့ပြီး ကစားသမားကလည်း လာလိုစိတ်ရှိလို့ ကမ်းလှမ်းမှု ဈေးမြင့်ပေးရင် အပြောင်းအရွှေ့က ဖြစ်နိုင်ခြေ ရှိပါတယ် ။

သောမတ်စ် မူနီရာ ၊ ညာနောက်ခံလူ

ဝမ်ဘစ်ဆာကာ ကို မခေါ်ဖြစ်ရင် မူနီရာကို အသင့် အစားထိုး ရွေးချယ်လို့ ရပါတယ်။ အသက် ၂၇နှစ် အရွယ်မှာ သူ့အနေနဲ့ ပုံမှန်ကစားခွင့် ရလိုနေတာပါ။ မန်ယူဘက်က ပိုပြီး ငယ်ရွယ်တဲ့ ကစားသမား တွေကို ခေါ်ယူလိုနေတာနဲ့အတူ ဒုတိယဦးစားပေးအဖြစ် သက်မှတ်ထားပါတယ်။

ဒမ္ဘီလီ ၊ တိုက္စစ္မွဴး

မန်ယူဟာ အင်တာမီလန်နဲ့ ချိတ်ဆက်နေတဲ့ ရိုမီလူ လူကာကူကို အစားထိုးဖို့ ပြင်ဆင်နေတာ ဖြစ်သလို ဖူလ်ဟမ်တိုက်စစ်မှူးဟောင်းအတွက် ပေါင်သန်း ၄၀ လောက် ကမ်းလှမ်းဖို့ ဆန္ဒရှိနေပါတယ်။

အန်ဒွန်ဘီလီ ၊ ဗဟိုကွင်းလယ်လူ

တော့တင်ဟမ်က အန်ဒွန်ဘီလီ အတွက် ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ စကားပြောဆိုခဲ့ခြင်းကြောင့် မန်ယူဘက်က ခေါ်ယူလိုရင်လည်း များပြားတဲ့ ပေါင်သန်း ၇၀ အထိ ပေးရနိုင်ပါတယ်။ တကယ်လို့ ယူနိုက်တက်ဟာ ပေါ့ဘာကို ရောင်းဖြစ်ရင် အန်ဒွန်ဘီလီရဲ့ အပြောင်းအရွှေ့ကို ရှေ့ဆက်တိုးနိုင်ပါတယ်။

အဲရစ် ဒိုင်ယာ ၊ ကွင်းလယ်ခံစစ်

ယူနိုက်တက်ဟာ အသက် ၃၀ ရှိပြီဖြစ်တဲ့ နီမန်ဂျာ မာတစ်နေရာကို အစားထိုးဖို့ အလိုရှိတဲ့ ကစားသမားစာရင်းထဲ ထည့်ထားပါတယ်။ ဒိုင်ယာရဲ့ ကြံ့ခိုင်မှုကြောင့် ဖြစ်လာဖို့တော့ နည်းပါးပါတယ်။

ဂျွာအို ဖီးလစ် ၊ ကွင်းလယ်တိုက်စစ်

အသက် ၁၉နှစ်အရွယ် ကစားသမားကို မန်ယူရော စီးတီးကပါ ပစ်မှတ်ထားနေပေမယ့် သူ့ရဲ့ ယူရို သန်း ၁၂၀ တန်ကြေးကို ကလပ်ဘက်က ဘဝင်မကျ သေးပါဘူး။ ဆိုးရှားအနေနဲ့ သေချာပေါက် တိုးတက်အောင် လုပ်ရမယ့် တခြားနေရာတွေ ရှိနေချိန်မှာ ဒီပမာဏကြီးကို ဖြုန်းမှာ မဟုတ်ပါဘူး ။

အိုင်ဗန် ရာကီတစ် ၊ ဗဟိုကွင်းလယ်

ရာကီတစ်အတွက် ဘာစီလိုနာက ပေါင်သန်း၅၀ ဝန်းကျင် အလိုရှိနေတာဖြစ်ပါတယ်။ မန်ယူဘက်ကတော့ အဆိုပါ ပြောင်းရွှေ့ကြေးနဲ့ဆို ခေါ်ယူဖို့ စဉ်းစားမှာ မဟုတ်ပါဘူး။

ဟယ်ရီ မက်ဂွဲယား ၊ ဗဟိုခံစစ်

မနှစ်က မန်ယူအသင်းဟာ လွန်ခဲတဲ့ နှစ်လေးဆယ်အတွင်း အများဆုံးအရေအတွက်နဲ့ ဂိုးတွေ ခွင့်ပြုခဲ့ရပြီးနောက် ဗဟိုခံစစ် ကို အားဖြည့်ဖို့ လိုနေပြီဆိုတာ ဆိုးရှားက နားလည်ပါတယ်။ မက်ဂွဲယားဟာ နည်းပြ လိုချင်တဲ့ ဗြိတိန် လူငယ်ကစားသမား ရဲ့ ပုံစံအတိုင်းပါပဲ။

မီလန် စကရီနီရာ၊ ဗဟိုခံစစ်၊

သူဟာ ဒီနွေရာသီ အစောပိုင်းမှာ အင်တာမီလန် နဲ့ စာချုပ်သစ် လက်မှတ်ထိုးခဲ့ပြီး အန်တိုနီယို ကွန်တီလဲ ရောက်လာပြီးတဲ့နောက် အသင်းကနေ ထွက်ခွာဖို့ဆိုတာ မဖြစ်နိုင်ပါဘူး ။

ဆင်း လောင်းစတဖ် ၊ ဗဟိုကွင်းလယ်

မနှစ်က နယူးကာဆယ် ပထမအသင်းမှာ ၁၃ပွဲအတွင်း မန်ယူရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပြီး အံ့အားသင့်ဖွယ် ပစ်မှတ်တစ်ခု ဖြစ်ခဲ့ပါတယ်။ သူဟာ မတ်လမှာ ပြင်းထန်တဲ့ ဒူးခေါင်း အရွတ် ဒဏ်ရာ ရရှိခဲ့ပေမယ့် အခုချိန်မှာ ပြန်ကောင်းစပြုလာပြီဖြစ်ပြီး ရာသီသစ် စရင်တော့ အဆင်သင့် ဖြစ်နိုင်ပါတယ်။