ရန်ကုန်တိုင်း၊ ရန်ကုန်မြို့တွင်း အပါအဝင် မြို့နယ်အားလုံးမှာ နေ့စဉ် လျှပ်စစ်မီး နာရီပိုင်းသာရတော့ပြီး စက်မှုဇုန်များတွင်လည်း လျှပ်စစ်မီးရရှိမှုမှာ တစ်ရက်လျှင် လေးနာရီခန့်သာ ရှိနေသဖြင့် လုပ်ငန်းများ လည်ပတ်ရန်ခက်ခဲလာနေတယ်လို့ သိရသည်။
သင်္ကြန်ကာလပြီးချိန်မှစတင်ကာ ရန်ကုန်မြို့၌ လျှပ်စစ်မီး ပိုမိုပျက်တောက်လာခြင်းဖြစ်ပြီး ယခင်ကာလတွင် တစ်ရက် ၁၅နာရီခန့် ရရှိရာမှ ယခုအခါ တစ်ရက် ရှစ်နာရီခန့်သာ မီးရရှိတော့ကြောင်း သိရသည်။
ထို့ပြင် လျှပ်စစ်မီး အချိန်နည်းပါးစွာရရှိသည့် တောင်ဒဂုံ၊ ရွှေပြည်သာ၊ မြောက်ဥက္ကလာကဲ့သို့ ဆင်ခြေဖုံး မြို့နယ်များတွင်မှု လျှပ်စစ်မီးရရှိမှုဟာ အချိန် ခြောက်နာရီခန့်ပင် မရရှိတော့ဘူးလို့ သိရသည်။
စက်မှုဇုန်ဘက်တွေမှာ လူနေရပ်ကွက်များထက် အခြေအနေ ပိုဆိုးနေကာ ၄ နာရီဝန်းကျင်ပဲ မီးရရှိနေတယ်လို့ သိရသည်။ စက်သုံးဆီစျေးနှုန်းများ တက်လာခြင်းကလည်း ကုန်ကျစရိတ် ပိုတက်လာစေကာ အသေးစား စက်မှုလုပ်ငန်းတွေ လုပ်ငန်းလည်ပတ်ဖို့ ခက်ခဲမှုတွေ ရှိလာနေကြောင်း သိရသည်။
ရန်ကုန်မှာ လက်ရှိ လျှပ်စစ်မီးဖြန့်ဝေပေးနေသည့် ပုံစံဟာ ပုံသေ မရှိဘဲ ခဏလာ ခဏပြတ် ဖြစ်နေတာက လုပ်ငန်းရှင်တွေကို ပိုမို ခက်ခဲလာစေပါသည်။ လျှပ်စစ်မီးမရခြင်းနဲ့ ဆီဖိုး မတတ်နိုင်ခြင်းကြောင့် ရပ်နားရတဲ့ စက်မှုလက်မှု လုပ်ငန်းများလည်း ရှိလာနေသည်။
မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့၌ မိုးရာသီကာလပင် လျှပ်စစ်မီးပုံမှန်ရရှိခြင်း မရှိတော့ဘဲ နွေရာသီကာ၌ ဆိုးဆိုးရွားရွား လျှပ်စစ်မီး ပြတ်တောက်မှုကို ကြုံတွေ့နေရခြင်းဖြစ်သည်။