ဘီဘီစီမှ ဘောလုံးပွဲ သုံးသပ်သူ ခရစ်ဆက်တန်ရဲ့ ဒီအပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေအတွက် ရလဒ် ခန့်မှန်းတွေကို ဖော်ပြမှာဖြစ်ပါတယ်။

Arsenal v Bournemouth

သူတို့ရဲ့ ဖလားစိန်ခေါ်မှုအတွက် အရေးပါတာကြောင့် အာဆင်နယ် အနိုင်ကလွဲလို့ အခြားရလဒ် မမြင်ပါဘူး။ အာဆင်နယ်က ခြေချော်လို့ မရပါဘူး။ သူတို့ ခြေချော်မှာလည်း မဟုတ်ပါဘူး။

ခရစ်ဆက်တန် ခန့်မှန်းရလဒ်။ ။ အာဆင်နယ် ၃-၁ ဘုန်းမောက်

Manchester City v Wolves

ချန်ပီယံလိဂ်မှာ မရှိတော့တာက မန်စီးတီးကို ပရီးမီးယားလိဂ်ပွဲ အာရုံစိုက်စေဖို့ အကူအညီဖြစ်စေပါတယ်။ ဝုဗ်အသင်းရဲ့ စွမ်းဆောင်ရည်တွေက ကျဆင်းနေတာမို့ မန်စီးတီးကပဲ သက်သောင့်သက်သာ အနိုင်ရသွားမှာ ဖြစ်ပါတယ်။

ခရစ်ဆက်တန် ခန့်မှန်းရလဒ်။ ။ မန်စီးတီး ၃-၀ ဝုဗ်

Chelsea v West Ham

ဒါက ချယ်ဆီးအတွက် ၁ ပတ်အတွင်း ၂ ပွဲမြောက် လန်ဒန်ဒါဘီပွဲပါ။ သူတို့အတွက်ကတော့ အဆင့် ၆ နေရာအတွက် ယှဉ်ပြိုင်နေရတာပါ။ အကျိတ်အနယ် ရှိနေပေမယ့် ဒီပွဲမှာ ချယ်ဆီးပဲ နှားတဖျားသာသွားမယ် ထင်ပါတယ်။

ခရစ်ဆက်တန် ခန့်မှန်းရလဒ်။ ။ ချယ်ဆီး ၂-၁ ဝက်စ်ဟမ်း

Liverpool v Tottenham

လီဗာပူးက ပုံစံကောင်းမှာ ရှိမနေပါဘူး။ ဒီပွဲမှာ ဘယ်သူကမှ စပါး အနိုင်ရမယ် မထင်ပေမယ့် ကျနော်ကတော့ ဒီပွဲမှာ စပါးပဲ အနိုင်ရသွားမယ် ထင်ပါတယ်။

ခရစ်ဆက်တန် ခန့်မှန်းရလဒ်။ ။ လီဗာပူး ၂-၃ စပါး

Crystal Palace v Man Utd

ကျနော်ကတော့ ပဲလေစ့် အနိုင်လို့ ခန့်မှန်းလိုပေမယ့် ယူနိုက်တက် ပရိသတ်တွေက သူတို့ကိုပဲ ကန့်လန့်လိုက်တိုက်နေတယ် ထင်နေကြတော့ ဒီပွဲ သူတို့ ကံကောင်းပြီး သရေကျမယ်လို့ပဲ ခန့်မှန်းပေးလိုက်ပါမယ်။

ခရစ်ဆက်တန် ခန့်မှန်းရလဒ်။ ။ ပဲလေစ့် ၁-၁ ယူနိုက်တက်

အခြားပွဲတွေအတွက် ခရစ်ဆက်တန် ခန့်မှန်းရလဒ်

Luton 1-2 Everton
Brentford 2-2 Fulham
Burnley 3-3 Newcastle
Sheff Utd 0-2 Nott’m Forest
Brighton 1-3 Aston Villa