အာဆင်နယ်အသင်းဟာ လာမယ့်ရာသီ တိုက်စစ်ပိုင်းကို ပြင်ဆင်ဖို့ရာအတွက် ပရီးမီးယားလိဂ် ကြယ်ပွင့်အချို့ကို ကြိုးစားလိုမှုတွေ ပြသလာပါတယ်။

နယူးကာဆယ်အသင်းမှ ဆွီဒင်သား တိုက်စစ်မှူး အိုင်ဆက်ဟာ အာဆင်နယ်ရဲ့ ဦးစားပေးပစ်မှတ်ဖြစ်ပါတယ်။ ၎င်းကိုရဖို့ရာ ဂျေးဆုကို အလိုက်ပေးခြင်းနဲ့အတူ ကမ်းလှမ်းမှု ပြုလုပ်ဖို့ အာဆင်နယ်ဘက်က ပြင်ဆင်ထားပါတယ်။

ကလပ်ရဲ့ အဓိက ကစားသမားတွေကို ဆက်ထိန်းဖို့ နယူးကာဆယ်ဘက်က ရည်ရွယ်ပေမယ့် လာမယ့်ရာသီ ချန်ပီယံလိဂ် မဝင်ခြင်းနဲ့အတူ အဓိက ကစားသမားအချို့ကို ရောင်းချပေးရဖွယ် ရှိနေပါတယ်။

ဂျေးဆုအပါအဝင် ပြောင်းရွှေ့ကြေး တစ်ရပ်ဖြင့် အိုင်ဆက်ကို အာဆင်နယ်အသင်း ခေါ်ယူလိုနေကာ နယူးကာဆယ်ဘက်ကတော့ တိုက်စစ်သမားအတွက် ပေါင် သန်း ၁၀၀ ထိ ရလိုနေပါတယ်။

အိုင်ဆက်ကို မရခဲ့ရင် အာဆင်နယ်ဟာ ယူနိုက်တက် တိုက်စစ်မှူး ရက်ဖိုဒ့်ကို ချိတ်ဆက်ဖို့ ပြင်ဆင်ထားပါတယ်။ မန်ချက်စတာ အကယ်ဒမီထွက်ကို ဒီနွေမှာ အသင်းပြောင်းနိုင်ကြောင်း ယူနိုက်တက်ဘက်က အကြောင်းကြားထားပါတယ်။

ယူနိုက်တက်ကတော့ ရက်ဖိုဒ့်အတွက် ပေါင် သန်း ၇၀ ရလိုနေပြီး သူ့ကို ပြင်သစ်ကလပ် ပီအက်စ်ဂျီဘက်ကလည်း စိတ်ဝင်စားမှု ပြသထားသေးတာ ဖြစ်ပါတယ်။