ဘွန်ဒက်လီဂါကလပ် လိုက်ပ်ဇစ်အသင်း တိုက်စစ်မှူး တီမိုဝါနာကို ခေါ်ယူခွင့်နဲ့ ပက်သက်ပြီး လီဗာပူးအတွက် စိတ်လှုပ်ရှားစရာ ဖြစ်လာစေတဲ့ သတင်းတစ်ခုက ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။

တီမိုဝါနာက လိုက်ပ်ဇစ်အသင်းနဲ့ ၂၀၂၀ မှာ ကုန်ဆုံးမှာ ဖြစ်လို့ ၄င်းကလပ်အသင်းအနေနဲ့ ၀ါနာကို လာမယ့် အပြောင်အရွှေ့မှာ ရောင်းချမလား၊ စာချုပ်နောက်ဆုံးနှစ်ထဲထိ ရောက်ခံပြီး ကစားသမားကို လက်လွှတ်မယ့် အရေး ရင်ဆိုင်မလား ဆုံးဖြတ်ရတော့မှာပါ။

အသက် ၂၃ နှစ်သာ ရှိသေးတဲ့ တိုက်စစ်မှူးလေးကို ဘိုင်ယန်မြူးနစ်အသင်းက အလေးအနက် ချိတ်ဆက်ထားပြီး လီဗာပူးဘက်ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ လီဗာပူး စီနီယာအသင်းသားတွေဖြစ်တဲ့ မာနေးနဲ့ ကိတ်တာတို့ကတော့ ၀ါနာကို လီဗာပူးဆီလာဖို့ ဖိတ်ခေါ်ထားပါတယ်။

မန်နေဂျာယာဂင်ကလော့ပ်က လာမယ့်ရာသီမှာ လူငယ်တိုက်စစ်မှူး ဘရှုးစတားကို ပွဲထွက်ခွင့် ပေးနိုင်ဖို့ စီစဉ်နေပြီး ဝါနာကို ခေါ်ယူဖို့အား လှုပ်ရှားမှု မလုပ်လာပါဘူး။ တစ်ပြိုင်နက်တည်းမှာ ဘိုင်ယန်မြူးနစ်ကလည်း စာချုပ်တစ်နှစ်ပဲ ကျန်ရှိတော့တဲ့ ဝါနာကို ပေါင် သန်း ၂၀ ထက် ပိုမပေးလိုပါဘူး။

လိုက်ပ်ဇစ်ဘက်က သူတို့ရဲ့ တိုက်စစ်သမားကို ပေါင် သန်း ၄၀ ထိ ဈေးတင်ထားပြီး ဘိုင်ယန်မြူးနစ်နဲ့ လီဗာပူး နှစ်သင်းလုံး လက်ရှောင်လာတာကြောင့် အခက်တွေ့လာခဲ့ပြီဖြစ်ပြီး ဈေးချပေးရဖို့ အနေအထားကို ရင်ဆိုင်လာရပါပြီ။

လိုက်ပ်ဇစ်က သူတို့ရဲ့ တိုက်စစ်မှူးကို ခေါ်ယူပေးဖို့ ကလပ်အသင်းသစ် ရှာဖွေရမှာဖြစ်ပြီး ဒေါ့မွန်ကို ကမ်းလှမ်းလိုပေမယ့် အဆိုပါ အသင်းကလည်း ကစားသမား ခေါ်ယူမှု အများအပြား လုပ်ထားပြီးခဲ့လို့ ဝါနာကို ခေါ်ယူဖို့ လုပ်ဆောင်ဖွယ် မရှိပါဘူး။

ထွက်ပေါ်နေတဲ့ သတင်းတွေမှာတော့ လီဗာပူးနဲ့ ဘိုင်ယန်မြူနစ်တို့ဟာ ဝါနာကို ဒီနွေမှာ ခေါ်ယူဖို့ နှစ်သင်းလုံး လက်လျော့ပြီး လာမယ့် ဇန်နဝါရီမှ အလွတ်ပြောင်းရွှေ့ကြေးနဲ့ အကြိုသဘောတူညီမှုအတွက် အပြိုင်ကြိုးစားကြမယ်လို့ ဆိုနေကြပါတယ်။