ဒီအပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေ အတွက် ဘီဘီစီမှ ဘောလုံးပွဲ သုံးသပ်သူ ခရစ်ဆက်တန်က အခုလို ရလဒ် ခန့်မှန်းချက်တွေ ထုတ်ထားပြီ ဖြစ်ပါတယ်။

Fulham v Man City

မာကို ဆေးလ်ဗားရဲ့ အသင်းက အန္တရာယ်တွေ ပေးနိုင်တယ် ဆိုတာ ကျွန်တော်တို့ သိပါတယ်။ သူတို့က အာဆင်နယ် ဆီကနေလည်း ၄ မှတ် ယူခဲ့တာပါ။ ဒါပေမယ့် စီးတီးကလည်း ထိထိရောက်ရောက် လုပ်နိုင်တဲ့ အသင်း ဖြစ်နေတာကြောင့် သူတို့ ခြေချော်ဖွယ် မရှိပါဘူး။

ဆက်တန် ခန့်မှန်းရလဒ်။ ။ Fulham 1-3 Man City

Nottingham Forest v Chelsea

ဒီပွဲကနေ ဖောရက်စ်တို့ တစ်မှတ်တော့ ရအောင် ညှစ်ယူမယ်လို့ မြင်မိတယ်။ ဒါဆိုရင် ပရီးမီးယားလိဂ်မှာ ဆက်လက်တင်ကျန်ဖို့ သူတို့ သေချာသွားနိုင်တယ်။

ဆက်တန် ခန့်မှန်းရလဒ်။ ။ Forest 1-1 Chelsea

Man Utd v Arsenal

အာဆင်နယ်က အိုးထရက်ဖို့ဒ်မှာ ယူနိုက်တက်ကို အပြတ်ချေမှုန်းမယ် လို့ ကျွန်တော် ယုံကြည်မှု ရှိနေတယ်။ မေးခွန်းထုတ်စရာ တစ်ခုပဲ ရှိတာက ဂန်းနားတွေဟာ သူတို့ အကောင်းဆုံး ပုံစံ မရရင်တောင် အကုန် ဖွင့် ကစားမှာလား ဆိုတာပါပဲ။

ဆက်တန် ခန့်မှန်းရလဒ်။ ။ Man Utd 1-5 Arsenal

Aston Villa v Liverpool

အက်စတွန်ဗီလာက အဆင့် ၄ နေရာ သေချာဖို့ ဆိုရင် လက်ကျန် နှစ်ပွဲထဲက တစ်ပွဲတော့ နိုင်ဖို့ လိုပါတယ်။ ကျွန်တော်က လီဗာပူးကိုလည်း သိပ် အားမရဘူး။ ဒါပေမယ့် သူတို့က အခွင့်အရေးတွေတော့ အမြဲ ဖန်တီးနိုင်တယ်။ ဒီတော့ ဒီပွဲမှာ ဂိုးတွေတော့ ရမှာပါ။

ဆက်တန် ခန့်မှန်းရလဒ်။ ။ Aston Villa 2-2 Liverpool

အခြားပွဲစဉ်များအတွက် ဆက်တန် ခန့်မှန်းရလဒ်များ

Bournemouth 1-1 Brentford
Everton 2-0 Sheff Utd
Newcastle 3-1 Brighton
Tottenham 3-1 Burnley
West Ham 2-1 Luton
Wolves 1-2 Crystal Palace