ယူရို ၂၀၂၀ ခြေစစ်ပွဲအဖြစ် ဂျာမနီအသင်းက အက်စတိုးနီးယားကို ၈-၀ နဲ့ အနိုင်ရခဲ့တဲ့ ပွဲအပြီးမှာ ကွင်းလယ်လူ ဂန်ဒိုဂမ်ဟာ မယုံနိုင်လောက်တဲ့ မှတ်တမ်းတစ်ခုကို ပိုင်ဆိုင်ခဲ့ပါကြောင့် Daily Mail သတင်းဌာနက ဖော်ပြသွားပါတယ်။

ဂျာမနီနဲ့ မန်စီးတီးကြယ်ပွင့်ဟာ သွင်းဂိုး တစ်ဂိုး ဂိုးမရှိကစလို့ နှစ်ဂိုး၊ သုံးဂိုး၊ လေးဂိုး၊ ငါးဂိုး၊ ခြောက်ဂိုး၊ ခုနှစ်ဂိုး၊ ရှစ်ဂိုးနဲ့ ကိုးဂိုး ဂိုးမရှိဆိုတဲ့ ပွဲတွေမှာ ပါဝင်ကစားခဲ့သူအဖြစ် မှတ်တမ်းကောင်းကို ပိုင်ဆိုင်သွားခဲ့တာဖြစ်ပါတယ်။

အက်စတိုးနီးယားကို ၈-၀ နဲ့ အနိုင်ရခဲ့တဲ့ လက်ရွေးစင်ပွဲမှာ ဂျာမနီအတွက် ပင်နယ်တီကနေ ဂန်ဒိုဂမ် ဂိုးသွင်းနိုင်ခဲ့ပြီး လက်ရွေးစင်အသင်းဟာ ဥရောပခြေစစ်ပွဲကို သုံးပွဲဆက်တိုင် အနိုင်ခဲ့ရပါတယ်။ အသက် ၂၈ နှစ်အရွယ် ကွင်းလယ်လူဟာ မန်စီးတီးကစားသမားဘဝ သုံးရာသီမှာ ပွဲပေါင်း ၁၁၄ ပွဲ ကစားခဲ့ကာ သွင်းဂိုး ၁၇ ဂိုး သွင်းယူခဲ့ပြီး ဆုဖလား ငါးလုံးလည်း အနိုင်ရခဲ့ပြီ ဖြစ်ပါတယ်။

သွင်းဂိုး တစ်ဂိုး၊ နှစ်ဂိုး၊ သုံးဂိုး ဂိုးမရှိ အနိုင်ရတဲ့ပွဲတွေ အများအပြားရှိခဲ့တဲ့ မန်စီးတီးဟာ မနှစ်တုန်းက ဝက်ဟမ်းကို လေးဂိုး ဂိုးမရှိ၊ ကာဒစ်ကို ငါးဂိုး ဂိုးမရှိ၊ ချယ်ဆီးကို ခြောက်ဂိုး ဂိုးမရှိ၊ ချန်ပီယံလိဂ်မှာ ရှော်ကေးကို ခုနှစ်ဂိုး ဂိုးမရှိ၊ ကာရာဘောင်းမှာ ဘာတန်ကို ကိုးဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်တွေ အနိုင်ရခဲ့ပြီး ဂန်ဒိုဂန်ကလည်း ပါဝင်ကစားခဲ့တာပါ။

လက်ရွေးစင်ပွဲမှာပါ ရှစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး အဆိုပါ ပွဲမှာလည်း ဂန်ဒိုဂန် ပါဝင်ခဲ့တာဖြစ်လို့ သွင်းဂိုး ကိန်းဂဏန်းအစဉ်လိုက် သွင်းယူပြီး ပြိုင်ဘက်က ဂိုးမရတဲ့ နိုင်ပွဲတွေ ရရှိခဲ့တဲ့ စံချိန်ကောင်းတစ်ခုကို ဂန်ဒိုဂန် ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။