ချယ်ဆီး တောင်ပံ ကစားသမား အီဒင်ဟာဇက်ဟာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ ငယ်ဘဝ အိပ်မက်တွေ အကောင်အထည် ပေါ်လာခဲ့ပြီး အပြီးသတ်ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။

ဟာဇတ်ရဲ့အပြောင်းအရွှေ့တန်ကြေးဟာ ပေါင်သန်း ၁၅၀ အထိ မြင့်တက်လာနိုင်ခြေရှိလို့ ဒါဟာ ရီးရဲလ်မက်ဒရစ် အသင်း အမိုင်းကြောင်း တစ်လျှောက်မှာ ဈေးအကြီးဆုံး ကစားသမား ခေါ်ယူမှုအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါပြီ။

ဟားဇတ်က ရီးရဲလ်မက်ဒရစ်နဲ့ ငါးနှစ်သက်တမ်းစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး တစ်ပတ် လုပ်ခလစာအဖြစ် အခွန်ဆောင်ခြင်းအပြီးအစီး ပေါင်လေးသိန်း ရရှိမှာပါ။ ဒီလုပ်ခလစာပမာဏဟာ ဟားဇတ်ကို ရီးရဲလ်မက်ဒရစ်အသင်းသမိုင်းကြောင်းတစ်လျှောက်မှာ လုပ်ခလစာအကျိုးခံစားခွင့် အများဆုံးရရှိစေတဲ့ ကစားသမားလည်း ဖြစ်လာစေတော့မှာဖြစ်ပါတယ်။

ဟာဇက်ရဲ့ တစ်နှစ်လုပ်ခဟာ ပေါင် ၁၉ သန်း ကျော်လွန်ခဲ့ပြီး ရီးရဲလ်မှာ တစ်နှစ်လုပ်ခ ယူရို ၉ သန်းပဲ ရရှိနေတဲ့ တိုက်စစ်မှူး ဘန်ဇီမာကလည်း သူ့အနေနဲ့ လက်ရှိရနေတဲ့ လုပ်ခလစာကို တိုးမြှင့်ရရှိသင့်တယ်လို့ ယူဆနေပါတယ်။

ရီးရဲလ်မက်ဒရစ်ရဲ့ အဓိကတိုက်စစ်မှူးအဖြစ် ကာလရှည် ရပ်တည်လာခဲ့တဲ့ ဘန်ဇီမာက ပြိုင်ပွဲစုံ ၄၆၅ ပွဲမှာ ၂၂၂ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့တယ်။ လုပ်ခပိုင်း တိုးမြင့်ရရှိဖို့ မျှော်လင့်နေတဲ့ ဘန်ဇီမာဟာ သဘောတူညီမှု မရခဲ့ရင် လာလီဂါကလပ်ကနေ ထွက်ခွာသွားနိုင်တယ်လို့ သိလာရတာ ဖြစ်ပါတယ်။