မန်စီးတီး ဂိုးသမား အီဒါဆန်ဟာ ကွင်းလယ်မှာတောင် ဘောလုံးကိုင်ပြီး ၀င်ရောက် ကစားနိုင်သူ ဖြစ်တယ်လို့ ဘာနာဒို ဆေးလ်ဗားက အသင်းဖော်ကို ချီးကျူးစကား ဆိုလိုက်ပါတယ်။

လက်စတာဘက်က အင်္ဂလန် လက်ရွေးစင် ကစားသမား ခံစစ်မှူး မက်ဂွဲယား အတွက် ပြောင်းရွှေ့ကြေးကို ပေါင် သန်း ၈၀ အထိ တောင်းဆို နေတာကြောင့် မန်စီးတီးက နောက်ဆုတ်ဖို့ စဉ်းစားနေပြီ ဖြစ်ပါတယ်။ ဒါကြောင့် မက်ဂွဲယားကို ခေါ်ဖို့ ယူနိုက်တက်က မန်စီးတီး ထက် အသာရဖွယ် ရှိနေပါတယ်။

မန်စီးတီး၊ မန်ယူ၊ အက်သလက်တီကိုတို့ အပြိုင် ခေါ်ယူလိုနေတဲ့ ဘင်ဖီကာအသင်းမှ တိုက်စစ် ကြယ်ပွင့် ဂျာအို ဖီးလစ်ဟာ ရီးရဲလ်မက်ဒရစ် အသင်းထံ ပြောင်းရွှေ့ကစားချင်နေတယ်လို့ စပိန်သတင်းများက ဖော်ပြခဲ့ပါတယ်။

မန်စီးတီးဟာ လက်စတာခံစစ်မှူး ဘန်ချေးဝဲလ်ကို အချိန်ယူပြီး ကာလရှည် ချိတ်ဆက်ခဲ့ပေမယ့် အကြောင်းမထူးတဲ့နောက် နောက်ဆုတ် သွားတော့မှာ ဖြစ်ပါတယ်။

မန်စီးတီးဟာ ဂျူဗင်တပ်မှ ကန်ဆယ်လိုကို ခေါ်ယူဖို့ ကြိုးစားနေပေမယ့်လို့ အသင်း လက်ရှိခံစစ်မှူး ဝေါ်ကာနဲ့ ၂နှစ် သက်တမ်းတိုး စာချုပ် ထပ်မံချုပ်ဆိုတော့မှာ ဖြစ်ပါတယ်။ ဝေါ်ကာက ၂၀၁၇ နွေမှာ မန်စီးတီးထံ ပြောင်းရွှေ့ကြေး ပေါင် သန်း ၅၀ နဲ့ ရောက်ရှိလာတာ ဖြစ်ပြီး လက်ရှိ စာချုပ်မှာတင် ၃ နှစ် သက်တမ်း ကျန်ရှိပါသေးတယ်။

မန်စီးတီး အသင်းဟာ ဘော်လ်တန် အသင်းရဲ့ အသက် (၁၄) နှစ် အရွယ် တိုက်စစ်မှူးလေး အိုဝူယူကို ပေါင် (၁) သိန်း ဝန်းကျင်နဲ့ ခေါ်ယူခဲ့ကြောင်း သိရှိ ရပါတယ်။

၎င်းက ဘော်လ်တန် အသင်းနဲ့ စာချုပ် သက်တမ်း ကုန်ဆုံးခဲ့ပြီ ဖြစ်ပေမယ့် ကစားသမားရဲ့ စွမ်းဆောင်ရည် အပေါ် မူတည်ပြီး ပေါင် (၁) သိန်း အထိ ပေးဖို့ ဘော်လ်တန် အသင်းကို ကမ်းလှမ်းခဲ့ခြင်း ဖြစ်ပါတယ်။