လီဗာပူးနဲ့ မန်ယူ တို့ဟာ လာမယ့်ရာသီ ယူ-၂၁ အသင်းသားတွေ အဓိက ပါဝင်ယှဉ်ပြိုင်ကြတဲ့ U-21 EFL ဆုဖလားကို ပါဝင်ယှဉ်ပြိုင်ဖို့ အတည်ပြုခဲ့ကြပါတယ်။ ဒါဟာ လူငယ်ခြံပေါက် ကစားသမားတွေကို ပွဲထွက်ခွင့် ပိုပေးနိုင်ဖို့ ပွဲစဉ်တစ်ခု ထပ်တိုးလာခြင်းဖြစ်ပါတယ်။

ပြင်သစ်ဘက်က သတင်းများအရ လီဗာပူးအသင်းဟာ လိုင်လီတိုက်စစ်သမား နစ်ကိုးလပ် ပီပီကိုသာ ခေါ်ယူနိုင်ခဲ့ရင် တိုက်စစ်မှူး ဆာလက်ကို ရီးရဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့ကြေး မြင့်မြင့်နဲ့ ရောင်းထုတ်ရန် ကြံရွယ်နေတယ်လို့ သိရပါတယ်။

လီဗာပူး ကစားသမားဟောင်းကြီး စတိဗ်နစ်ကိုးကတော့ အေစီမီလန်က ချိတ်ဆက်နေတဲ့ ပေါင် ၂၅သန်းတန် ခံစစ်မှူး ဒီဂျန် လိုဗရန်ကို ရောင်းချပြီး ဗန်ဒိုက်နဲ့ အသင်းဖော်တွဲဘက် အေဂျက်ခံစစ်မှူး ဒီလစ်ကို ခေါ်ယူရန် တိုက်တွန်းသွားပါတယ်။

လီဗာပူး နဲ့ အာဆင်နယ်တို့ ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ တောင်ပံ ကစားသမား ဇီယက် အတွက် အေဂျက်အသင်းက ပြောင်းရွှေ့ကြေးကို ပေါင် သန်း ၃၀ အဖြစ်သတ်မှတ် လိုက်ပြီ ဖြစ်ပါတယ်။

လီဗာပူးအသင်း စိတ်ဝင်စားနေတဲ့ လိုက်ပ်ဇစ်အသင်း တိုက်စစ်မှူး တီမိုဝါနာဟာ လက်ရှိကလပ်အသင်းနဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ထဲ ရောက်တော့မှာ ဖြစ်လို့ ၄င်းကို ရောင်းချဖွယ် ရှိနေပြီး ဘိုင်ယန်မြူးနစ်နဲ့ အပြိုင် ခေါ်ယူနိုင်ခွင့် ရှိလာပါတယ်။

အသက် ၂၃ နှစ်သာ ရှိသေးတဲ့ တိုက်စစ်မှူးလေးကို ဘိုင်ယန်မြူးနစ်အသင်းက အလေးအနက် ချိတ်ဆက်ထားပြီး လီဗာပူးဘက်ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ လီဗာပူး စီနီယာအသင်းသားတွေဖြစ်တဲ့ မာနေးနဲ့ ကိတ်တာတို့ကတော့ ၀ါနာကို လီဗာပူးဆီလာဖို့ ဖိတ်ခေါ်ထားပါတယ်။

CIES အဖွဲ့ က နောက်ဆုံးထုတ်ပြန်တဲ့ စာရင်းအရ လီဗာပူး ခံစစ်မှူး ထရန့် အလက်ဇန္ဒါးအာနိုးရဲ့ တန်ကြေးဟာ ပေါင် ၁၁၅.၉ သန်းထိ ရောက်သွားပြီး ကမ္ဘာ့ဈေးအကြီးဆုံး ခံစစ်မှူး ဖြစ်လာခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ချန်ပီယံလိဂ် ဗိုလ်စွဲပြီးနောက် ဆုဖလားအောင်မြင်မှုတွေ ရယူဖို့ ပိုမို ဆာလောင်လာခဲ့ပြီလို့ ခံစစ်မှူး ဗန်ဒိုက်က ဖွင့်ဟပြောဆိုလိုက်ပါတယ်။

လီဗာပူးနဲ့ စပါးတို့ အပြိုင် မျက်စိကျနေတဲ့ အဆန်စီယိုအတွက် ရီးရဲလ်မက်ဒရစ်ကတော့ ပေါင် သန်း ၈၀ ရမယ်ဆိုရင် ရောင်းချမယ်လို့ အကြောင်းပြန်လာပါတယ်။

လီဗာပူး နဲ့ အာဆင်နယ်တို့ အပြိုင် ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ တောင်ပံ ကစားသမား ဇီယက် အတွက် အေဂျက်အသင်းက ပြောင်းရွှေ့ကြေး ပေါင် သန်း ၃၀ အဖြစ် ဈေးသတ်မှတ် လိုက်ပြီ ဖြစ်ပါတယ်။