မန်ချက်စတာယူနိုက်တက်ဘက်က စပို့တင်းလစ္စဘွန်း ကွင်းလယ်ကစားသမား ဖာနန်ဒက်စ်ကို ကနဦး ပြောင်းရွှေ့ကြေး ယူရို သန်း ၆၀ နဲ့ ညိနှိုင်းထားပြီး စွမ်းဆောင်ရည် အလိုက် ယူရို ၇၅ သန်းထိ ရောက်နိုင်တဲ့ ကမ်းလှမ်းမှုဖြစ်တယ်လို့ သတင်းထွက်နေပါတယ်။ ဒီသတင်းကို အင်္ဂလန် သတင်းဌာနကြီးတွေကတော့ အတည်ပြုမလာသေးပါဘူး။

မန်ယူ တိုက်စစ်မှူး လူကာကူဟာ အင်တာမီလန်သို့ ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရခဲ့ပြီ ဖြစ်တယ်လို့ အီတလီ သတင်းများမှာ ဖော်ပြလာပါတယ်။ ဒါပေမယ့် ပြောင်းရွှေ့ကြေးအတွက် ဗဟိုခံစစ်ကစားသမား မီလန် စကရီနီယာကို အလိုက်ပေးဖို့ မန်ယူရဲ့ တောင်းဆိုမှုကို အင်တာက ပယ်ချခဲ့ပါတယ်။

မန်ယူ ပစ်မှတ်ထားနေတယ် သတင်းထွက်ထားတဲ့ ဘာစီလိုနာ အရန် ဂိုးသမား ဆီလက်ဆန်ကို အဲဗာတန်အသင်းဘက်က မြန်နိုင်သမျှ မြန်မြန် ခေါ်ယူလိုနေပါတယ်။ ဟော်လန်သား ဂိုးသမားကလည်း နူးကမ့်ကနေ ထွက်ခွာလိုနေပြီး အဲဗာတန်ဘက်ကပါ တွန်းအားပေးနေလို့ သဘောတူညီမှု မြန်မြန်ရသွားဖွယ် ရှိပါတယ်။

ယုံကြည်ရတဲ့ ဂုဏ်သိက္ခာရှိ သတင်းထောက်တွေက မန်ယူဟာ ဝမ်ဘစ်ဆာကာနဲ့ တိုင်လီမန်းတို့ နှစ်ဦးကို ချိတ်ဆက်နေပြီး အလားအလာရှိတယ်လို့ ဖော်ပြလာပါတယ်။ မန်ယူရေးရာ သတင်းတွေကို ဖော်ပြရာမှာ တိကျမှုရှိတဲ့ သတင်းထောက်တွေက ဖော်ပြခဲ့တာဖြစ်ပါတယ်။

ဒင်း ဟန်ဒါဆန်က ဒီနွေရာသီမှာ အိုးလ်ထရက်ဖို့ဒ် ကနေ ထွက်ခွာဖို့ မျှော်လင့်ပေမယ့် သူ့ရည်မှန်းချက်ကတော့ မန်ချက်စတာ ယူနိုက်တက်နဲ့ အင်္ဂလန် အသင်းရဲ့ ပထမ ဦးစားပေး ဂိုးသမား ဖြစ်လာဖို့ဖြစ်ပြီး အိုးလ်ထရက်ဖို့ဒ်မှာ အသင်းကြီး အတွက် ပွဲထွက်ကစားပေးရဖို့ ဖြစ်ပါတယ်လို့ ဝန်ခံလိုက်ပါတယ်။

မန်ယူနိုက်တက်ဟာ ကလပ်အသင်း လူငယ်ကစားသမားတွေဖြစ်တဲ့ တွမ်ဇမ်ဘီ၊ တာဟစ်ချေင်၊ မေဆန်ဂရင်းဝုဒ် အပါအဝင် လူငယ်ကစားသမား အများအပြားကို လာမယ့်ရာသီ အငှားချဖို့ စီစဉ်နေပါတယ်။

ခရစ္စတယ်ပဲလေ့စ် ခံစစ်မှူး ၀မ် ဘစ်ဆာကာက မန်ယူအသင်းထံ ပြောင်းရွှေ့ချင်နေသော်လည်း လက်ရှိကလပ် အသင်းကိုတော့ အသင်း ပြောင်းခွင့် ပေးဖို့ တွန်းအားပေးခြင်း မရှိပါဘူး။ ပဲလေ့စ်အသင်း အခြေအနေကလည်း ကစားသမား ရောင်းချဖို့ မလိုအပ်တာကြောင့် မန်ယူအသင်းအနေနဲ့ ၀မ်ဘစ်ဆာကာကို ခေါ်နိုင်ဖို့ ခက်ခဲစွာ ညှိနှိုင်းရဖို့ ရှိနေပါတယ်။

စပိန်က သတင်းတွေမှာတော့ မန်ယူကွင်းလယ် ကစားသမား ပေါ့ဘာ ရဲ့ ခေါင်းထဲမှာ ရီးရဲမက်ဒရစ်ထံ ပြောင်းဖို့ကလွဲလို့ တစ်ခြား ဘာမှ မရှိဘူးလို့ အခိုင်အမာ ဖော်ပြနေကြပါတယ်။

မန်ယူဘက်က ကမ်းလှမ်းမှုတွေကို ပယ်ချမှုတွေလုပ်ထားပေမယ့် ဝမ်ဘစ်ဆာကာကို ကြိုက်ကြေး ညိနှိုင်ခဲ့ရင် အစားထိုးဖို့ ပဲလေစ့်ဟာ အတ္တလန်တာအသင်းမှ Timothy Castagne ကို စကားပြောမှု လုပ်ထားသလို နော့ဝစ်မှ အာရွန်ကိုလည်း ချိတ်ဆက်မှု လုပ်နေပါတယ်။