နွေအပြောင်းအရွှေ့မှာ မန်ယူဘက်က ကစားသမား ခေါ်ယူမှုတွေကို အာရုံစိုက်မယ်လို့ အတည်ပြုခဲ့တဲ့နောက်မှာ သတင်းဌာန အမျိုးမျိုးက ကစားသမား အများအပြားကို ကလပ်အသင်းနဲ့ ချိတ်ဆက်မှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။

မန်ယူအသင်းဟာ ငယ်ရွယ်ပြီး ကစားအားကောင်းတဲ့ အရည်အချင်းရှိ ကစားသမားမျိုးကို အဓိက ခေါ်ယူမှာဖြစ်ပြီး အသင်း ပေါ်လစီနဲ့ ကိုက်ညီတဲ့ ကစားသမား နှစ်ဦးကို ခေါ်ယူဖို့ရာ အရှိန်မြင့်လာခဲ့ပြီဖြစ်ပါတယ်။ အဆိုပါ နှစ်ဦးလုံးက ပရီးမီးယားလိဂ်မှာ ကျင်လယ်နေတဲ့ ကစားသမားတွေဖြစ်တယ်။

ယုံကြည်ရတဲ့ ဂုဏ်သိက္ခာရှိ သတင်းထောက်တွေက မန်ယူဟာ ဝမ်ဘစ်ဆာကာနဲ့ တိုင်လီမန်းတို့ နှစ်ဦးကို ချိတ်ဆက်နေပြီး အလားအလာရှိတယ်လို့ ဖော်ပြလာပါတယ်။ မန်ယူရေးရာ သတင်းတွေကို ဖော်ပြရာမှာ တိကျမှုရှိတဲ့ သတင်းထောက်တွေက ဖော်ပြခဲ့တာဖြစ်ပါတယ်။

ဘယ်ဂျီယံကစားသမား တိုင်လီမန်းဟာ မိုနာကိုကနေ လက်စတာမှာ အငှားလာကစားပြီး ခြေစွမ်းပြ ကစားနိုင်ခဲ့တာပါ။ တိုင်လီမန်းက အသက်ငယ်ရွယ်သေးသူမို့ သူ့မှာ အလားအလာကောင်းတွေ ရှိနေတယ်လို့ မန်ယူအသင်းကလည်း ယူဆ နေတာပဲ ဖြစ်ပါတယ်။

မနှစ်က သူ့ရဲ့ စွမ်းဆောင်ရည် တွေကြောင့် တန်ကြေးက မြင့်မားလာပြီး မန်ယူအနေနဲ သူ့ကို ခေါ်ဖို့ ပေါင် ၄၀ တန်း တန်ကြေးရှိတဲ့ ကမ်းလှမ်းမှုကို ပေးပို့ခဲ့ပေမယ့် ပယ်ချခံခဲ့ရတယ်။

ညာအစွန်လူအတွက် သန်း ၅၀ ဝန်းကျင် အနည်းဆုံး သုံးရမှာဖြစ်ပြီး ကစားသမားကလည်း လာလိုစိတ်ရှိလို့ ကမ်းလှမ်းမှု ဈေးမြင့်ပေးရင် အပြောင်းအရွှေ့က ဖြစ်နိုင်ခြေ ရှိပါတယ်။

မန်ယူဟာ လောင်းစတပ်ကို စိတ်ဝင်စားပေမယ့် ကမ်းလှမ်းမှုတော့ အခုထိ မလုပ်ရသေးပဲ ဝမ်ဘစ်ဆာကာနဲ့ တိုင်လီမန်းတို့ကိုပဲ ဦးစားပေး ခေါ်ယူမှာဖြစ်ကာ ကစားသမားတွေရဲ့ အေးဂျန့်တွေနဲ့ ချိတ်ဆက်မှုပါ လုပ်ထားခဲ့ပြီလို့ သိလာရပါတယ်။