အာဆင်နယ် အသင်းဟာ အဲဗာတန် ကွင်းလယ် ကစားသမား အမာဒူ အိုနာနာ ကို ခေါ်ယူရေးမှာ အားတက်စရာ ဖြစ်လာခဲ့ပါပြီ။
အဲဗာတန်က ဘယ်လ်ဂျီယံသား ကွင်းလယ် ကစားသမား အတွက် ပေါင် သန်း ၃ဝ ဝန်းကျင် ကမ်းလှမ်းမှု ရရင် လက်ခံဖို့ ဆုံးဖြတ်ထားပြီ လို့ သိရပါတယ်။
ဆလိုဗေးနီးယားနဲ့ အတူ ယူရိုပြိုင်ပွဲဝင်နေတဲ့ လိုက်ပ်ဇစ် တိုက်စစ်မှုး ဆက်ကို က အာဆင်နယ် ရဲ့ ပစ်မှတ်ထားခြင်း ခံခဲ့ ရတာက ဖိအား ရှိပေမယ့် ကောင်းမွန်တဲ့ဘက်က ဖိအားသာ ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ဆက်ကိုက အသင်းသစ် မပြောင်းဘဲ လက်ရှိကလပ်မှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပြီ ဖြစ်ပါတယ်။
လက်ရှိ နွေဈေးကွက်ထဲ တိုက်စစ်သမား ရှာဖွေနေတဲ့ အာဆင်နယ် က ယူရိုပြိုင်ပွဲမှာ စပိန်အသင်းနဲ့ အတူ အစွမ်းပြနေတဲ့ အက်သလစ် ဘီဘာအို အသင်းသား နီကိုး ဝီလီယံကို ခေါ်ယူဖို့ မျက်စိကျနေပါတယ်။
အသက် ၂၁ နှစ် အရွယ် စပိန်သားကို ချယ်ဆီး အပါအဝင် အခြား ကလပ်အသင်း အများအပြားက စောင့်ကြည့်နေကြပြီး ၎င်းရဲ့ စာချုပ် ဖျက်သိမ်းကြေးက ယူရို ၅၅ သန်း လို့ သိရပါတယ်။
ဖီနာဘာချီ ဘယ်စွန် နောက်ခံလူ Ferdi Kadioglu အတွက် အာဆင်နယ်က ပေါင် ၁၇ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံထားဂပါတယ်။ တူရကီကလပ်က သူတို့ ကစားသမားကို ပေါင် ၃၄ သန်းလောက်ထိ ရမှ ရောင်းချလိုနေပါတယ်။
အာဆင်နယ် အကယ်ဒမီ ဂိုးသမားလေး Arthur Okonkwo က ဟေးလ် အကယ်ဒမီမှာ ၁၅ နှစ် ကြာပြီးနောက် Wrexham အသင်းထံ ပြောင်းရွှေ့တော့မယ် လို့ အတည်ပြု ကြေညာခဲ့ပါတယ်။